Escape (AKA) The Breakthrough (2026)

Escape (AKA) The Breakthrough

Genres: Comedy · Action

သဘာဝဘေးအန္တရာယ်ကပ်ဘေး Survival သည်းထိပ်ရင်ဖို ဟာသအက်ရှင် ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီးတော့ Jo Jung Suk နဲ့ Yoona တို့ရဲ့ Exit ဆိုတဲ့ Korea ရုပ်ရှင်ဇာတ်ကားကို ပြန်ရိုက်ထားတဲ့ တရုတ်ဗားရှင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေတဲ့ ကုမ္ပဏီနှစ်ပတ်လည် ညစာစားပွဲကြီးဟာ ရုတ်တရက်ပေါ်လာတဲ့ အဆိပ်ငွေ့ယိုစိမ့်မှု ကပ်ဘေးကြီးနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါမှာတော့ အပျော်တွေအားလုံး အသက်လုပြေးလွှားရတဲ့ ငရဲခန်းတစ်ခုလို ချက်ချင်းပြောင်းလဲသွားခဲ့ပါတော့တယ်။ စက္ကန့်တိုင်းဟာ အန္တရာယ်နဲ့နီးကပ်လာတဲ့အချိန်မှာ ဘဝမှာဘာမှအဖြစ်ရှိအောင်မလုပ်နိုင်သေးတဲ့ အသက်(၃၀)ကျော်အရွယ် ငပျင်းလေး ဝူချန်၊ ရုပ်ရည်ရော အရည်အချင်းပါပြည့်စုံလွန်းတဲ့ ထက်မြက်တဲ့ မန်နေဂျာမလေး လင်ရှန့်နန်နဲ့ သတ္တိကြောင်ပြီး ကြွားဝါတတ်တဲ့ သူဌေးသားလေး ဖုရှင်း တို့ဟာအသက်ရှင်ကျန်ဖို့အတွက် အဆိပ်ငွေ့ရှောင်အထူးတပ်ဖွဲ့လေး ဖွဲ့မိသွားပါတယ်။ အန္တရာယ်က တဖြည်းဖြည်း နီးကပ်လာလေလေ သူတို့သုံးယောက်ရဲ့ အလွဲလွဲအမှားမှား လုပ်ရပ်တွေနဲ့ မထင်မှတ်ထားတဲ့ ဟာသကွက်တွေက ပိုလို့တောင်ရယ်စရာကောင်းလေလေပါပဲ။ မတည့်အတူနေစရိုက်သုံးခုနဲ့ အဆိပ်ငွေ့မုန်တိုင်းကြားထဲကနေအသက်လုထွက်ပြေးရင်း ရယ်မောစရာတွေအပြင် အသည်းတအေးအေးနဲ့ စိတ်လှုပ်ရှားစရာတွေ အပြည့်အဝပေးသွားမယ့် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.30 GB / 785 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy and Action Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub )

You May Also Like