Advertisement
Is God Is

Is God Is

★ 6.1📅 2026⏱ 100 min👥 22 votes
DramaThriller

Director: Aleshea Harris

"Make your daddy dead. Real dead."

Is God Is (2026) IMDb Rating (7.1) / Rotten Tomatoes (97%) ဒီဇာတ်ကားလေးကတော့ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ စိတ်ဝင်တစား ကြည့်ရှုပြီး အမြွှာနှစ်ယောက်အကြောင်းကို အဖြေရှာရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ရာဆင်းနဲ့ အနိုင်ယာဟာ စိတ်ချင်းဆက်နေတဲ့ အမြွှာတွေဖြစ်ကြပြီး တစ်ယောက်က တွေးတာ၊ ခံစားရတာကို တစ်ယောက်ကလည်း သိပြီးတော့ ခံစားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ထဲက အနိုင်ယာကတော့ တစ်ကိုယ်လုံးမှာ မီးလောင်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက် လူတိုင်းဟာ သူမကို စေ့စေ့မကြည့်ရဲကြပါဘူး။ တစ်ဖက်မှာတော့ ရာဆင်းဟာ ချောမောလှပတဲ့ မိန်းမပျိုလေးအဖြစ် ကြီးပြင်းလာပြီး သူ့ညီမကို ရုပ်ဆိုးတယ်လို့ စနောက်တဲ့သူတိုင်းကို သွေးထွက်သံယိုဖြစ်အောင် တွယ်တတ်တဲ့ သူမျိုးပါ။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ အမေ အသက်ရှင်နေသေးကြောင်းကို သိလိုက်ရပြီး သူတို့အမေဆီ ရောက်တဲ့အခါ မီးလောင်ဒဏ်ရာတွေ တစ်ကိုယ်လုံး ပြည့်နှက်ပြီး သေလုမျောပါးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သူမအမေက သူ့ကို ရက်ရက်စက်စက် မီးရှို့ပစ်ခဲ့တာက သူတို့အဖေဖြစ်ကြောင်း၊ သူမသေခင် သူတို့အဖေကို လက်စားချေပေးစေချင်တဲ့အကြောင်းတွေ ပြောလိုက်ပါတယ်။ ဒီတော့ အမြွှာညီအစ်မနှစ်ယောက် မထင်မှတ်ထားတဲ့ နေ့တစ်နေ့မှာ သူတို့အမေကို ဒီလိုအခြေအနေနဲ့ တွေ့လိုက်ရပြီး ဒီလိုသိလိုက်ရတဲ့အခါ ဘာတွေဆက်လုပ်ကြမလဲ၊ ဘယ်လိုနှစ်ပါးသွားကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (6.2 GB) / (1.8 GB) / (850 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub)
Advertisement

Download Links

WEB-DL4K6.2GB
WEB-DL1080p1.8GB
WEB-DL720p850MB
Advertisement