Iron Lung (2026)

Iron Lung

Genres: Mystery · Horror · Science Fiction

Iron Lung (2026) IMDb Rating (6.5) / Rotten Tomatoes (60%) နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Markiplier (Mark Fischbach) ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ Sci-Fi Horror ဇာတ်ကားသစ်လေး "Iron Lung" အကြောင်း ပြောပြပေးမယ်နော်။ ဒီကားက ၂၀၂၂ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကြီး အင်ဒီဂိမ်း (Indie Game) "Iron Lung" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အာကာသထဲက သွေးပင်လယ်ကြီးထဲမှာ ရေငုပ်သင်္ဘောလေးနဲ့ သွားရတဲ့ ဇာတ်လမ်းဆိုတော့ အသက်ရှူကျပ်စရာ ကောင်းလောက်အောင် သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကားမျိုးပါ။ ဒီကားကို ဒါရိုက်တာ Mark "Markiplier" Fischbach က ရိုက်ကူးထားပြီး Markiplier ကိုယ်တိုင်အပြင် Caroline Kaplan, Troy Baker နဲ့ Seán McLoughlin (Jacksepticeye) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Sci-Fi နဲ့ Horror အမျိုးအစား ဇာတ်ကားဖြစ်ပြီး ကြာချိန်အနေနဲ့ ၂ နာရီ ၇ မိနစ် ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း "The Quiet Rapture" လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုကြောင့် စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အာကာသစခန်းတွေပေါ်မှာ ကျန်ခဲ့တဲ့ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ လိုအပ်နေတဲ့ သယံဇာတတွေ ရှာဖို့အတွက် "AT-5" လို့ခေါ်တဲ့ လဂြိုဟ်တစ်ခုကို သူတို့ တွေ့သွားခဲ့တယ်။ အဲဒီဂြိုဟ်ပေါ်မှာက ရေတွေအစား သွေးတွေနဲ့ ပြည့်နေတဲ့ သွေးပင်လယ်ကြီး ရှိနေတာပါ။ အဲဒီ သွေးပင်လယ်ကြီးထဲကို စူးစမ်းလေ့လာဖို့ ဆိုက်မွန် (Simon) လို့ခေါ်တဲ့ အကျဉ်းသားတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ သူ့ကို "Iron Lung" လို့ နာမည်ပေးထားတဲ့ သေးငယ်ကျဉ်းမြောင်းတဲ့ ရေငုပ်သင်္ဘောလေးထဲ ထည့်ပြီး အပြင်ကနေ ဂဟေဆော်ပိတ်လိုက်တယ်။ ရေအောက်ဖိအားကို ခံနိုင်အ…

You May Also Like