Backrooms (2026)

Backrooms

Genres: Mystery · Horror · Science Fiction

Backrooms (2026) 4K HEVC IMDb Rating (7.0) / Rotten Tomatoes (87%) အင်တာနက်ပေါ်က နာမည်ကြီး Creepypasta နဲ့ YouTube ဗီဒီယိုတွေကနေတစ်ဆင့် အခုဆို A24 ရဲ့ ရုံတင်ဇာတ်ကားကြီးဖြစ်လာတဲ့ Backrooms လာပါပြီ။ ဒီကားက A24 ရဲ့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်သွားပြီး ကမ္ဘာတစ်ဝန်းကနေ ဒေါ်လာ ၃၆၈ သန်းကျော် ရှာပေးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ပရိဘောဂ အရောင်းပြခန်းတစ်ခုရဲ့ မြေအောက်ခန်းမှာ ထူးဆန်းတဲ့ တံခါးပေါက်တစ်ခု ပေါ်လာရာကနေ စတာပဲ။ Liminal space လို့ခေါ်တဲ့ အဆုံးမရှိသလိုဖြစ်နေတဲ့ အဝါရောင်အခန်းတွေ၊ မီးချောင်းသံ တဝီဝီမြည်နေတဲ့ နေရာတွေဆီကို ရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုထိတ်လန့်စရာတွေ ကြုံရမလဲဆိုတာကို Found footage (တကယ့်ဗီဒီယိုမှတ်တမ်းဟောင်းလေးတွေ ပြန်တွေ့တဲ့ပုံစံ) နဲ့ ရိုက်ပြထားတဲ့ Sci-fi Psychological Horror ကားကောင်းတစ်ကားပါ။ ခေါင်းဆောင်မင်းသား ချီဝတယ် အီဂျီယိုဖော် (Chiwetel Ejiofor) နဲ့ မင်းသမီး ရီနိတ် ရိန်းစ်ဗီ (Renate Reinsve) တို့ အဓိက ပါဝင်ထားတယ်။ ဒီအခန်းတွေအကြောင်းကိုလည်း အင်တာနက်မှာ မျိုးစုံဆွေးနွေးနေကြပေမဲ့ အဖြေအတိအကျကိုတော့ မပေးထားခဲ့ပါဘူး။ ၁။ The Simulation/Glitch Theory (ကမ္ဘာကြီးဟာ Simulation တစ်ခုသာဖြစ်တယ်) ဒီသီဝရီက အစောဆုံးနဲ့ လူသိအများဆုံးပဲ။ အခြေခံကတော့ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ကွန်ပျူတာ ဂိမ်းတစ်ခုလိုပဲ Simulation အကြီးကြီးတစ်ခုပေါ့။ ဂိမ်းတွေမှာ ဇာတ်ကောင်တွေက နံရံကိုဖောက်ပြီး (Noclip) ထွက်သွားမိရင် ပရိုဂရမ်မရေးထားတဲ့ လွတ်နေတဲ့ နေရာတွေဆီ ရောက်သွားတတ်တယ်မလား။ အဲဒီလိုပဲ လူတွေကလည်း ကမ္ဘာကြီးရဲ့ Glitch (ချို့ယွင်းချက်) တစ်ခုခုကြောင့် လက်တွေ့ဘဝကနေ ကျွံကျသွားပြီး Backrooms ဆိုတဲ့ နေရာလွတ်ကြီးထဲ ရောက်သွားတာလို့ ဆိုကြပါတယ်။ ၂။ The Async Expe…

You May Also Like