Invisibles (2026)

Invisibles

Genres: Drama

Invisibles (2026) Elizabeth ဆိုတဲ့ အမျိုးသမီးက သူ့ခန္ဓာကိုယ်ကို အသုံးပြုရတဲ့ အလုပ်နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ပြဇာတ်စင်ပေါ် ကပြဖျော်ဖြေရတဲ့ ကချေသည်အလုပ်ဖြစ်ပြီးတော့ အဲဒါက သူချစ်ရတဲ့အလုပ်ပါ။ ဒုတိယအလုပ်ကတော့ လိ-င်လုပ်သားအလုပ်ဖြစ်ပြီးတော့ ပိုက်ဆံကောင်းကောင်းရပေမဲ့ လူတွေ ဝေဖန်ကြမှာစိုးလို့ လျှို့ဝှက်ထားတဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒီလို လျှို့ဝှက်ထားရတာက ရှက်စရာကောင်းပြီး စိတ်ဖိစီးရလို့ Elizabeth က သူ့ရဲ့ လိ-င်လုပ်သားအလုပ်ကို ထာဝရစွန့်လွှတ်ပြီး အွန်လိုင်းက ပရိုဖိုင်တွေကို ဖျက်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဒုက္ခိတဖြစ်နေတဲ့ မသန်စွမ်းအမျိုးသားတစ်ယောက်က သူ့ရဲ့ မသန်စွမ်းမှုကြောင့် တစ်ခါမှ လိ-င်မဆက်ဆံဖူးကြောင်း l အီးမေးလ်ပို့လာတဲ့အခါ Elizabeth က ငြင်းရမှာ သနားပြီး သူ့ရဲ့ နောက်ဆုံး client လို့ သဘောထားကာ လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ client နဲ့ ဝန်ဆောင်မှုက Elizabeth ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ မသန်စွမ်းသူတွေက တဖက်လူနဲ့ လိ-င်ဆက်ဆံဖို့နဲ့ ရင်းနှီးဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို Elizabeth သဘောပေါက်သွားပြီး သူက ထိုမသန်စွမ်းတွေကို ကူညီပေးနိုင်တဲ့ ပါရမီရှိနေတာကို သိလိုက်ရချိန်မှာတော့ Elizabeth က သူ့ရဲ့အလုပ်ကို မထွက်တော့ဘဲ မသန်စွမ်းသူတွေကိုသီးသန့် ဝန်ဆောင်မှုပေးတဲ့ လိ-င်လုပ်သားအဖြစ် လမ်းကြောင်းပြောင်းလိုက်ပြီး လူတွေသတိမထားကြတဲ့ မသန်စွမ်းတွေရဲ့ဘဝကို ဘယ်လိုနှစ်သိမ့်ပျော်ရွှင်မှု ပေးဖို့ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမဲ့ social drama တစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.7 GB) / (924 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:34:00 Subtitle…. Myanmar Subtitle (Hardsub)

You May Also Like