Hercules Falling (aka) Herkules falder (2025)

Genres: Drama
Hercules Falling (2025) IMDb Rating (6.4) Hercules Falling (Herkules Falder) ဇာတ်ကားက စစ်ပြန်ရဲဘော်တစ်ယောက်ရဲ့ စိတ်ဒဏ်ရာနဲ့ မိသားစုကို ကယ်တင်ဖို့ ကြိုးစားပုံကို ရိုက်ကူးထားတဲ့ ရင်နင့်စရာ ဒရမ်မာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ယူဆက်ဖ်က စစ်တလင်းကနေ အိမ်ပြန်ရောက်လာပေမဲ့ စစ်မြေပြင်က ပေးခဲ့တဲ့ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (PTSD) တွေကို သယ်ဆောင်လာခဲ့ပါတယ်။ တစ်ညမှာတော့ သူက စိတ်အခြေအနေ ဖောက်ပြန်ပြီး ထိတ်လန့်တုန်လှုပ်ရာကနေ သူ့ရဲ့ သားငယ်လေး အော်စကာကို မတော်တဆ အပြင်းအထန် ဒဏ်ရာရအောင် လုပ်မိသွားပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ယူဆက်ဖ်က သူ့ကိုယ်သူ လန့်သွားပြီး မိသားစု ပြိုကွဲတော့မယ့်အန္တရာယ်ကို သတိပြုမိသွားပါတယ်။ ဒါကြောင့် စစ်ပြန်ရဲဘော်တွေရဲ့ စိတ်ဒဏ်ရာကို ကုသပေးတဲ့ စထရိုင်နို (Strynø) ဆိုတဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျွန်းကလေးပေါ်က စခန်းတစ်ခုကို သွားရောက်ပြီး ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီစခန်းမှာ တကယ့်စစ်ပြန်ရဲဘော်တွေနဲ့အတူ နေထိုင်ရင်း ယူဆက်ဖ်တစ်ယောက် သူ့ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ ဒေါသတွေ၊ ဝမ်းနည်းမှုတွေကို အားလုံးရှေ့မှာ ရင်ဖွင့်ပြီး အကောင်းဆုံး အဖေတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ကုသမှုခံယူပါတော့တယ်။ ဒါပေမဲ့ သူ စိတ်အခြေအနေ ကောင်းလာပြီး မိသားစုနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေချိန်မှာပဲ၊ သူ့ရဲ့ စစ်တပ်က သူငယ်ချင်းဟောင်းတစ်ယောက်က သူ့ကို စစ်မြေပြင်ဆီ ပြန်လာဖို့ ကမ်းလှမ်းချက်တစ်ခု ပေးလာပါတယ်။ အဲဒီအချိန်မှာ ယူဆက်ဖ်တစ်ယောက် သူကျွမ်းကျင်တဲ့ စစ်ပွဲတွေဆီပဲ ပြန်သွားမလား၊ ဒါမှမဟုတ် သားနဲ့ဇနီး ရှိရာ အိမ်ပြန်လမ်းကိုပဲ ခက်ခက်ခဲခဲ ဆက်လျှောက်မလားဆိုတာကတော့...။ File size… (1.2 GB) / (880 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:19 Subtitle…. Myanmar Subtitle (Hardsub)