Get Him Girl! (aka) Sompoy (2021)

ဆွမ်ပွိင်ရဲ့ သုံးပွင့်ဆိုင်အချစ် ဒီဇာတ်လမ်းလေးကတော့ ၂၀၂၁မှာထွက်ရှိထားတဲ့ ဇာတ်လမ်းလေး ဆွမ်ပွိင်ပဲဖြစ်ပါတယ်...ဇာတ်လမ်းလေးအကြောင်းက ဆွမ်ပွိင်ဆိုတဲ့ မိန်းကလေးရဲ့အချစ်ရေးအကြောင်းဖြစ်ပါတယ်..... ဆွမ်ပွိင်က လန်းနာရွာရဲ့မြောက်ပိုင်းမှာရှိတဲ့မြိုရွာလေးမှာနေထိုင်ပါတယ်... အဲဒီရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေအများစုက ဘန်ကောက်ကလာတဲ့ အမျိုးသားတွေကို အရမ်းကိုမှသဘောကျကြတယ်...တချို့ဆိုရင် ဘန်ကောက်ယောက်ျားရပြီး သူတို့အမျိုးသားနဲ့နေဖို့ ဘန်ကောက်ထွက်သွားကြတယ်... ထွက်သွားပြီးတစ်နှစ်တစ်ကြိမ်လောက်တော့ ဒီရွာ ပြန်လာလည်ကြတယ်....ဘယ်ချိန်လာကြလဲဆိုတော့ ခေါင်းဆေးမင်္ဂလာလုပ်တဲ့ချိန်ပေါ့ အဲဒီချိန်ဆိုရင် သက်ကြီးရွယ်အိုကို ကန်တော့ပြီး ဆွေမျိုးတွေလည်း အဲဒီအိမ်မှာပဲ စုဝေးကြတာမျိုး...အဲဒီချိန်ကျရင် ဆွေမျိုးတွေက ဘန်ကောက်ကပြန်လာတဲ့ အမျိုးသမီးတွေကို ချီးမွမ်းစကားတွေ ချီးကျူးစကားတွေဆိုကြတာပေါ့..အဲဒါကို နှစ်တိုင်းလိုလိုကြားနေရတဲ့ဆွမ်ပွိင်တစ်ယောက်တော့ တနေ့မှာတော့ ဘန်ကောက်သားကို လိုချင်ပါလာတော့တယ် အဲဒါနဲ့ပဲ မြောက်ပိုင်းရွာမှာရှိတဲ့ အဘဆရာကို 'ဘန်ကောက်သားနဲ့ဖူးစာပါလား'လို့သွားမေးပါလေရော အဲဒါနဲ့ အဘဆရာက ရိုးရာဝတ်စုံဝတ်မယ်ဆိုရင်ရနိုင်တယ်ဆိုလို့ ဆွမ်ပွိင်တစ်ယောက်ယုံပြီး ရိုးရာဝတ်စုံဝတ်လိုက်တယ် ဒါပေမဲ့ဘယ်ဘန်ကောက်သားနဲ့မှမတွေ့ခဲ့.... အဲဒီညမှာပဲ ဆွမ်ပွိင်ကအရက်သောက်မူးပြီး ဆိုင်ကယ်စီးပြန်ရင်း ဆိုင်ကယ်မှောက်တော့ဘန်ကောက်ကနေ လန်းနာရွာကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ဖို့ကားမောင်း လာတဲ့ ဝဲန်ဆိုတဲ့တစ်ယောက်နဲ့ တွေ့ပါတော့တယ် အဲဒါနဲ့ဆွမ်ပွိင်က အဲဒီဝဲန်ဆိုတဲ့ မြိုသားကို ချစ်မိသွားပါလေရော... ဆွမ်ပွိင်လည်းအဘဆရာဆီက ကောင်းတဲ့အဆောင်တစ်ခုခုများရှိမလားဆိုတာသွားမေးဖို့ အဘဆရာဆီနောက်တစ်ခေါက်သွားလိုက်တယ်....အဲဒီမှာပဲ အဘဆရာတို့အဖွဲ့က ရွာသားတွေရဲ့ပိုက်ဆံကိ…