Gentleman's Agreement (1947)

Genres: Drama
Gentleman's Agreement (1947) Rating - 7.2/10 Genre - Drama - Romance Directed by Elia Kazan Rotten Tomatoes- 82% ၁၉၅၄ခုနှစ်မှာ မြန်မာမင်းသမီးကြီး (ဒေါ်) ၀င်းမင်းသန်းပါနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့နာမည်ကြီးမင်းသား Gregory Peck ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် အခု review ပေးမယ့်ကားကတော့ Gregory Peckရဲ့ Classic movie တွေထဲကတစ်ကားဖြစ်တဲ့ Gentlemans Agreement (1947 ) ကားလေးဖြစ်ပါတယ်။ ဒီ movie က Oscar Winner အဖြစ် Best Picture , Best Director , Best Actress in Supporting Role ဆိုတဲ့ ဆုသုံးဆုဆွတ်ခူးထားတဲ့ Movie လည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းရဲ့ အဓိက Storyline ကတော့ Anti - Semitism လို့ခေါ်တဲ့ အမေရိကားက လူမျိုးခွဲခြားရေး ဂျူးမုန်းတီးရေးကို ရည်ညွှန်းပြီးရိုက်ထားတာပါ Gregory Peck က ဒီထဲမှာ ဂျာနယ်လစ် စကူလာဂရင်းအဖြစ်သရုပ်ဆောင်ထားပါတယ် ၊ သူရဲ့ မိန်းမသေပြီးကတည်းက သားလေးတစ်ယောက်နဲ့ သူ့အမေနဲ့ အတူနေတယ် ၊ တစ်နေ့မှာတော့ သူတို့နေနေတဲ့ ကယ်လီဖိုးနီးယားပြည်ကနေ နယူးယောက်ကို အသိ သတင်းစာဌာနမှာ အလုပ်ရလို့ပြောင်းလာခဲ့တယ် ။ သူ့မိတ်ဆွေ ဂျွန် မီနီဖီးက သူ့ရဲ့ စာအရေးအသားတွေကိုကြိုက်တော့ သူ့ကို အရေးကြီးတဲ့အလုပ်တာဝန်ပေးခဲ့တယ် ။ ဂျူးလူမျိုးမုန်းတီးရေး ခေါ် လူမျိုးခွဲခြားမှုအကြောင်းရေးဖို့တာဝန်ပေးလိုက်တယ် ဂျွန်က သူရဲ့ တူမလေး ကတ်သီ နဲ့လည်း စကူလာဂရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ ကတ်သီကလည်း ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး စကူလာရေးတဲ့ ဂျာနယ်တွေတော်တော်များများဖတ်ရတာကြိုက်တဲ့သူ ။ ကတ်သီက သူ့ဦးလေးကို ဂျူးတွေအကြောင်းရေးဖို့ အကြံဉာဏ်ပေးခဲ့သူဆိုလည်းဟုတ်တယ် ။ အစပိုင်းမှာတော့ စကူလာ ဂရင်းက သူဒီ ဂျူးလူမျိုးတွေအကြောင်းရေးဖို့လက်မခံချင်ခဲ့ဘူး ၊ သူက အမေရိကန် ခရစ်စယာန် တစ်ယောက်ဖြစ်တဲ့ ဂျူးလူမျိုးတွေနေရာကနေ ရေးဖို့ အကြံမထုတ်နိုင်ဖြစ်ခဲ့…