Extra Geography (2026)

Extra Geography

Genres: Drama

Extra Geography [2026] အင်္ဂလန်နိုင်ငံမြောက်ပိုင်းက ရှေးကျတဲ့မိန်းကလေးဘော်ဒါကျောင်းကြီးတစ်ခုရဲ့ငြီးငွေ့စရာကောင်းတဲ့စည်းကမ်းတွေကြားထဲမှာ အသက် (၁၅) နှစ်အရွယ် အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ဖလစ်နဲ့မင်နာတို့နှစ်ယောက်ဟာ အမြဲတမ်း အတူတူရှိနေကြပြီး လူငယ်ဘဝရဲ့စူးစမ်းလိုစိတ်တွေ၊ အချစ်ဆိုတာ ဘယ်လိုပုံစံလဲဆိုတာကိုသိချင်ဇောတွေနဲ့ ပြည့်နှက်နေကြသူတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အနီးနားကယောက်ျားလေးကျောင်းနဲ့ပူးပေါင်းပြီး ရှိတ်စပီးယားရဲ့နာမည်ကြီး "A Midsummer Night's Dream" ပြဇာတ်ကို ကျောင်းကနေတင်ဆက်မယ်လို့ ကြေညာလိုက်တဲ့အခါ မိန်းကလေးနှစ်ယောက်လည်း လူရွေးပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီနောက်မှာ သူတို့နှစ်ယောက်တီထွင်လိုက်တဲ့စမ်းသပ်ချက်တစ်ခုက စတင်လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းကန်တင်းထဲကို ပထမဆုံးဝင်လာမယ့်သူကို ချစ်မိသွားအောင် ကြိုးစားကြည့်ကြမယ်ဆိုတဲ့စမ်းသပ်ချက်ပါပဲ။ အဲဒီလိုရွေးချယ်ခံလိုက်ရတဲ့သူကတော့ သူတို့ရဲ့ပထဝီဆရာမ နယူးဇီလန်နိုင်ငံသူ ရိုဆလင်ဖြစ်နေခဲ့ပါတယ်။ အဲဒီကစလို့ သူတို့နှစ်ယောက်ဟာ ဆရာမရဲ့အခန်းရှေ့မှာ ပန်းတွေချန်ထားခဲ့တာ၊ ဆရာမရဲ့ဇာတိဖြစ်တဲ့နယူးဇီလန်နိုင်ငံအကြောင်းကို စိတ်ဝင်တစားလေ့လာပြီး အထင်ကြီးအောင်လုပ်တာတွေနဲ့ ဆရာမဆီမှာ "အပိုဆောင်း ပထဝီဝင်သင်တန်း"ကို ရအောင်တက်တာတွေကို အားတက်သရောကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ပြဇာတ်လူရွေးပွဲမှာ မင်နာက အဓိကမင်းသမီးနေရာကို ရသွားပြီး ဖလစ်ကတော့ သစ်ပင်နေရာလောက်ပဲပါသွားတဲ့အခါမှာတော့ သူတို့ရဲ့ချစ်စရာသူငယ်ချင်းသံယောဇဉ်ကြားမှာ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ ယောက်ျားလေးတွေနဲ့ရောနှောပျော်ပါးရင်း မင်နာက လူကြိုက်များလာပြီး ဖလစ်တစ်ယောက် ဘေးရောက်သွားသလိုခံစားရတဲ့အခါ မနာလိုဝန်တိုမှုတွေ၊ ရင်ခုန်သံရှုပ်ထွေးမှုတွေက အထွတ်အထိပ်ကို ရောက်လာခဲ့ပါတယ်။ ဆရာ…

You May Also Like