Every Thing Will Be Fine (2015)

Every Thing Will Be Fine

Genres: Drama

Every Thing Will Be Fine (2015) IMDb Rating (5.5) / Rotten Tomatoes (28%) Wim Wendersကိုတော့ အထူးတလည် မိတ်ဆက်နေစရာမလိုတော့ဘူး ထင်ပါတယ်။ Wings of Desireတို့ Paris, Texasတို့ Perfect Daysတို့နဲ့ သိကြမှာပဲ။ ဆိုပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့အနေနဲ့ Ratingတော်တော်မကောင်းဘူး။ ရုပ်ရှင်က မကောင်းတာတော့ မဟုတ်ဘူး။ ကောင်းတာထက်ကို ပိုတာ။ Ratingဆိုတာတွေကလည်း သူ့အကန့်အသတ်နဲ့သူပဲ ယုံလို့ရတဲ့အရာတွေပဲဆိုတော့ တချို့ရုပ်ရှင်တွေမှာ ခေါက်ကိုခေါက်ထားရမှာပါပဲ။ ဇာတ်လမ်းကတော့ ဇာတ်အိမ်အသားပေးထက် ကာရိုက်တာ အသားပေး။ ဒါကိုမှ ကာရိုက်တာက လူတိုင်းနဲ့ထိဟပ်မယ့် ကာရိုက်တာ မဟုတ်နေဘူး။ ဒီတော့ ခုန Ratingနည်းတာက ဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ဘူး။ ဇာတ်ကောင်က စာရေးဆရာ။ တစ်နေ့မှာ ဇာတ်ကောင်က ကလေးလေးတစ်ယောက်ကို ကားနဲ့ကြိတ်မိသွားတယ်။ ဒီမတော်တဆမှုက ရုပ်ရှင်တစ်ခုလုံးကို လွှမ်းသွားတယ်။ ဆိုပေမဲ့ ပုံမှန်လွှမ်းနည်းမျိုးတော့ မဟုတ်ဘူး။ ဘာပြဿနာမှမရှိသွားဘဲနဲ့ကို ဇာတ်ကောင်ရဲ့ခံစားချက်အပေါ် လွှမ်းနေတာ။ ဇာတ်ကောင်က ဘယ်လိုလူမျိုးလဲဆိုတာကို ဒီအဖြစ်ကိုပဲ အသုံးချပြီး ပြသွားတယ်။ ဇာတ်ကောင်က အဖြစ်ဆိုးတွေပေါ် တုန်လှုပ်မှု သိပ်မရှိဘူး။ ခံစားချက် သိပ်မရှိတဲ့လူလို့ စွပ်စွဲရင်လည်း ရနေမှာပဲ။ ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ ပြင်မရတဲ့ပြဿနာတွေအပေါ် ခံစားချက်မထားတဲ့လူတွေက ရှိကိုရှိတယ်။ ပမာဏအားဖြင့်နဲ့တော့ ကွာမှာပေါ့။ ဒါပေမဲ့ ဇာတ်ကောင်က ခုန ကလေးကိုကားနဲ့တိုက်မိတာကိုတောင် ကြာလာတော့ သိပ်မထားတော့သလိုပဲ။ ခံစားချက် ထားတဲ့ကိစ္စလည်း ထားပြီး မထားတဲ့ကိစ္စလည်း မထားတဲ့ ပုံစံမျိုးပဲ။ သူ့ခံယူချက်ကိုက Everything will be Fine ဖြစ်နေတာနဲ့လည်း ဆိုင်လိမ့်မယ်။ ဇာတ်က တမင်ကြီးလုပ်ယူထားတယ်လို့ ထင်ကောင်းထင်ရနိုင်တယ်။ ပြဿနာတွေကရှိနေပြီး တုံ့ပြန်မှုတွေက အေးစက်နေတဲ့ ဇာတ်မျိုးဖြစ်နေတာကိုး…

You May Also Like