Edge of Tomorrow (2014)

Genres: Action · Science Fiction
Edge of Tomorrow (2014) 4K ****************************** (https://bioscopeapp.com မှာ အကောင့်ဖွင့်ပြီး 4K Qualityကို ကြည့်ရှုခံစားနိုင်ပါတယ်။) ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားကို စာတန်းထိုး Updateနဲ့ အတူ 4K ကြည်တောက်ရှင်း Qualityနဲ့ပါ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိက ကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိသလို၊ သူက တစ်ခါမှာလည်း စစ်မတိုက်ဖူးပါဘူး။ ဒါကြောင့် သူက ငြင်းဆန်ပေမယ့် နောက်ဆုံး ရာထူးချခံရပြီး၊ စစ်မှုထမ်းခဲ့ရပါတယ်။ တကယ်တမ်းတိုက်ပွဲမှာ တော့ ဂြိုလ်သားတွေကို လုံးဝမနိုင်ခဲ့ပါဘူး။ ဒါပေမယ့် Tom Cruise က မထင်မှတ်ပဲ သာမန် ဂြိုလ်သားတွေထက် အကောင်ကြီးတဲ့ ဂြိုလ်သားတစ်ကောင်ကို သတ်မိသွားပါတယ်။ အဲဒီအချိန်မှာ အဲ့ဒီ ဂြိုလ်သားရဲ့သွေးက သူ့ကိုယ်ပေါ်ကို လာစင်ပြီးနောက် သူလည်း သေသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူက ပထမဆုံး စစ်တပ်ထဲ စရောက်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွား…