Earth Song (2026)

Earth Song

Genres: Drama

Earth Song (2026) ယနေ့ခေတ် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဘဝ ရပ်တည်မှု နဲ့ identity အကြောင်းတွေကို ရိုက်ပြထားတဲ့ ဖင်လန်-ဂျာမန် ဒရမ်မာကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့မှာ ခင်ပွန်းဖြစ်သူ ဖာဟတ်၊ မွေးစားသမီးလေး အာဇာဒ်တို့နဲ့အတူ အေးချမ်းစွာ နေထိုင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ရိုဂျင်အကြောင်း လှည့်ပတ်ထားပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ အတိတ်နဲ့ ဆက်သွယ်နေတဲ့ ဖခင်ဖြစ်သူ ရုတ်တရက် ရောက်ရှိလာပြီး သူမရဲ့ တည်ငြိမ်နေတဲ့ မိသားစုဘဝကို လှုပ်ခပ်သွားစေပါတော့တယ်။ သူမကို မွေးစားခဲ့တဲ့ ဖခင်ဖြစ်သူ နီဇမ် ဟာ ပြစ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူမသေဆုံးမီမှာ နောက်ဆုံး ဆန္ဒတစ်ခုကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ အရိုးပြာတွေကို တူရွန်နိုင်ငံ၊ ကုဒ်ဒေသရှိ ရိုဂျင်ရဲ့ ရင်းနှီးတဲ့ မိဘရင်းတွေရဲ့ မြေပုံပေါ်မှာ ပြန်လည် ကြဲချပေးဖို့ပါပဲ။ အစပိုင်းမှာ ရိုဂျင်က ငြင်းဆန်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သမီးဖြစ်သူ အာဇာဒ်နဲ့အတူ မူလဇာစ်မြစ် ရှိရာ ကာဒစ္စတန် (Kurdistan) ဆီကို ခရီးနှင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... မိသားစုအတွင်း ဖုံးကွယ်ထားတဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေတွေ့ရှိမှု ခရီးလမ်းကို ကြည့်ရမှာ ဖြစ်ပါတယ်။

You May Also Like