Dilanjutkan Salah Disudahi Perih (2025)

Dilanjutkan Salah Disudahi Perih

Genres: Comedy · Romance

Dilanjutkan Salah Disudahi Perih (2025) ************************************ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား Rom-Com (အချစ်ဟာသ) နဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်တဲ့ "Dilanjutkan Salah Disudahi Perih" (ဆက်သွားရင်လည်း မှား၊ ရပ်လိုက်ရင်လည်း နာ) ဆိုတဲ့ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Mikha Tambayong၊ Kevin Ardilova၊ Ibrahim Risyad နဲ့ Tissa Biani တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အိမ်ထောင်ရေး အရှုပ်အထွေးလေးကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမလို ငိုရမလို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Alfa နဲ့ Darian ဆိုတဲ့ လူငယ်ဇနီးမောင်နှံနှစ်ယောက်ကနေ စတင်ထားပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်တော့ ချစ်ကြပေမယ့်၊ အိမ်ထောင်သည်ဘဝမှာ အတ္တတွေ ကြီးလာပြီး ပြဿနာပေါင်းစုံ တက်ကြပါတယ်။ နောက်ဆုံးမှာတော့ Darian က စိတ်လိုက်မာန်ပါနဲ့ "Talak 3" (အစ္စလာမ်ဘာသာရေးအရ အပြတ်အသတ် ကွာရှင်းခြင်း) လို့ ပြောပြီး ကွာရှင်းလိုက်ကြပါတော့တယ်။ တကယ်တမ်း ကွာရှင်းပြီးသွားတဲ့အခါမှ နှစ်ယောက်လုံးက နောင်တရပြီး ပြန်ပေါင်းချင်လာကြပါတယ်။ နှစ်ဖက်မိသားစုတွေကလည်း သူတို့ကို ပြန်အဆင်ပြေစေချင်ကြပါတယ်။ ဒါပေမဲ့ ပြဿနာက "Talak 3" နဲ့ ပြတ်စဲထားတာဖြစ်လို့ ဘာသာရေးစည်းမျဉ်းအရ သူတို့နှစ်ယောက် ချက်ချင်း ပြန်လက်ထပ်လို့ မရတော့ပါဘူး။ စည်းမျဉ်းအရဆိုရင် ဇနီးဖြစ်သူ Alfa ဟာ တခြားယောကျ်ားတစ်ယောက်နဲ့ အရင်လက်ထပ်ပြီးမှ၊ အဲဒီယောကျ်ားနဲ့ ပြန်ကွာရှင်းမှသာ ခင်ပွန်းဟောင်း Darian နဲ့ ပြန်ပေါင်းလို့ရမယ့် ခေါင်းခဲစရာ အခြေအနေ ဆိုက်သွားပါတယ်။ ဒီလိုနဲ့ ပြန်ပေါင်းဖို့အရေး Zainun ဆိုတဲ့ အမျိုးသားတစ်ယောက်က Alfa ရဲ့ "ယာယီခင်ပွန်း" အဖြစ် ရောက်လာပါတယ်။ ယာယီဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဇာတ်လမ်းက စိတ်ကူးထားသလို လွယ်မနေပါဘူး။ Darian တစ်ယောက် သူ့ရဲ့ ဇနီးဟောင…

You May Also Like