Delicious Romance (2023)

Genres: Drama · Comedy · Romance
မိန်းကလေးတွေရဲ့ ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်၊ အချစ်ရေးနဲ့ ဘဝရုန်းကန်မှုတွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ၂၀၂၁ ခုနှစ်က အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးကို အဆက်အနေနဲ့ ရုပ်ရှင် (Movie) အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ "Delicious Romance (2023)" ဆိုတဲ့ တရုတ် Romantic Comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားထဲမှာတော့ Li Chun, Baby Zhang (Zhang Hanyun) နဲ့ Naomi Wang (Wang Ju) တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ခေတ်သစ်အမျိုးသမီးတွေရဲ့ ဘဝကို အပီပြင်ဆုံး သရုပ်ဆောင်ပြထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ချန်ဒူးမြို့ကနေ ရှန်ဟိုင်းမြို့ကြီးကို အိပ်မက်ကိုယ်စီနဲ့ ပြောင်းရွှေ့လာကြတဲ့ ငယ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ လျူကျင်း၊ ဖန်ရှင်း နဲ့ ရှမန် တို့ရဲ့ ဘဝဖြတ်သန်းမှုတွေကို အဓိကထား ရိုက်ကူးထားတာပါ။ မြို့ကြီးပြကြီးမှာ ရှင်သန်ရတဲ့ သူတို့သုံးယောက်ရဲ့ ဘဝတွေဟာ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။လျူကျင်းကတော့ စားသောက်ဆိုင်ဖွင့်ထားပေမဲ့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသလို၊ ချစ်သူကလည်း ဖောက်ပြန်နေတာကို မိသွားတဲ့အတွက် အချစ်ရေးမှာပါ ကံဆိုးနေသူပါ။ ဖန်ရှင်းကတော့ ရုပ်ရည်ချောမောလှပပေမဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားပြီး ကိုယ်ဝန်ကြီးနဲ့ ဖက်ရှင်လောကမှာ ရုန်းကန်နေရသူလေးပါ။ ရှမန်ကတော့ အလုပ်မှာ အရမ်းတော်ပြီး ထက်မြက်လွန်းတဲ့အတွက် ချစ်သူကောင်လေးကိုတောင် သိမ်ငယ်စေတဲ့အထိ ဖြစ်နေတဲ့ လုပ်ငန်းခွင်က အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ဒီလို ကွဲပြားခြားနားတဲ့ ဘဝအခြေအနေတွေ၊ အချစ်ရေး အရှုပ်အထွေးတွေနဲ့ လုပ်ငန်းခွင်က ဖိအားတွေကို သူတို့သုံးယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ။ ပြဿနာတွေကြားထဲမှာ ယိမ်းယိုင်မသွားဘဲ သူငယ်ချင်း သုံးယောက်ရဲ့ ဖေးမကူညီမှုတွေနဲ့ ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ဘယ်လိုရှာဖွေ…