

Broken Land
Drama
Director: Joseph T. Walker
"Grace finds us where we least deserve it."
Broken Land (2025)
++++++++++
၂၀၂၅ ခုနှစ် ရုပ်ရှင်ပွဲတော်တွေတုန်းက La Gloria ဆိုတဲ့ နာမည်နဲ့ ပြသခဲ့ပြီး ၂၀၂၆ ဇွန်လမှာ တရားဝင် ထွက်ရှိလာတဲ့ Broken Land
ဇာတ်ကားဟာ ခေတ်သစ် ကောင်းဘွိုင်စတိုင်ဒရမ်မာ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြဿနာကို လူသားချင်းစာနာထောက်ထားမှု အမြင်နဲ့
ရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ တက္ကဆက်ပြည်နယ် ၊ ကျေးလက်တောရွာက မွေးမြူရေးခြံပိုင်ရှင်ကြီး ကာဆင် (Carson) ပါ။
သူက ဇနီးသည်ဆုံးပါးသွားပြီးနောက်ပိုင်း လူတွေနဲ့မရောဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့သူပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ခြံဝင်းထဲကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးငယ်လေး
တစ်ယောက်ကို သူက သူခိုး ဒါမှမဟုတ် ရန်သူအထင်နဲ့ မတော်တဆ သေနတ်နဲ့ ပစ်မိပါတော့တယ်။
ပစ်မိသွားတဲ့အခါ ကာဆင်တစ်ယောက် နောင်တရပြီး စိတ်မကောင်းဖြစ်သွားပါတယ်။
ဒါကြောင့် အဲဒီအမျိုးသမီးငယ်လေးကို ရဲဆီမအပ်ဘဲ သူ့ခြံထဲမှာပဲ လျှို့ဝှက်ထားပြီး ဆေးကုသပေးကာ စောင့်ရှောက်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပြီး အကျပ်ရိုက်စေတာက ကာဆင်နဲ့ စိမ်းကားနေတဲ့ သူ့ရဲ့သားဖြစ်သူဟာ အဲဒီနယ်စပ်ဒေသက နယ်စပ်လုံခြုံရေးရဲတစ်ယောက်
ဖြစ်နေတာပါပဲ။
သားဖြစ်သူက တရားမဝင် ဝင်လာသူတွေကို လိုက်လံဖမ်းဆီးနေချိန်မှာ ဖခင်ဖြစ်သူကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးကို သူ့သားလက်ထဲ
မရောက်အောင် အစွမ်းကုန် ကာကွယ်ပေးရပါတော့တယ်။
ဘာသာစကားလည်းမတူ၊ နောက်ခံဘဝချင်းလည်း ကွာခြားလှတဲ့ အဘိုးအို ကာဆင်နဲ့ ဒဏ်ရာရထားတဲ့ အမျိုးသမီးငယ်လေးတို့ဟာ တစ်အိမ်ထဲမှာ
အတူတူဖြတ်သန်းရင်းနဲ့ တဖြည်းဖြည်း သံယောဇဉ်ဖြစ်လာကြပါတယ်။
ဒီလိုနဲ့ အမုန်းတရားတွေ၊ စိမ်းကားမှုတွေ ပြည့်နှက်နေတဲ့ နယ်စပ်မြေပေါ်မှာ သူတို့နှစ်ယောက်ရဲ့ မမျှော်လင့်ထားတဲ့ ဆက်ဆံရေးက တစ်ယောက်ရဲ့
စိတ်ဒဏ်ရာကို တစ်ယောက်က ဘယ်လိုမျိုး အပြန်အလှန် ကုစားပေးသွားမလဲဆိုတာကို ရင်နင့်စရာ မြင်တွေ့ရမှာပါ။
ဝါရင့်သရုပ်ဆောင်ကြီး David Morse ရဲ့ ပြည့်စုံလွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ အမေရိကန်နယ်စပ်က တကယ့်လက်တွေ့ အကျပ်အတည်း
ပြဿနာတွေကို နိုင်ငံရေးအမြင်နဲ့မဟုတ်ဘဲ "လူသားချင်းစာနာမှု" ဆိုတဲ့ ခံစားချက်ကို အသားပေးပြီး ရိုက်ကူးထားတာမို့လို့ စိတ်လှုပ်ရှားစရာလည်းကောင်းသလို
နှလုံးသားကိုလည်း ထိရှစေမယ့် ဒရမ်မာကားကောင်းတစ်ခု ဖြစ်ပါတယ်။
File Size… (1.34GB) / (622MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration…1h 39m
Genre ….Drama
Subtitle….Myanmar Subtitle (Hard Sub)
Download Links
WEB-DL1080p1.34GB
⌄WEB-DL720p622MB
⌄