Bridge of Spies (2015)

Bridge of Spies

Genres: Drama · Thriller

Bridge of Spies (2015) IMDb Rating (7.6) / Rotten Tomatoes (91%) ဒီရုပ်ရှင်ရဲ့ အမည်ကတော့ အနောက်ဘာလင်နဲ့ အရှေ့ဂျာမဏီတို့အကြား နယ်စပ်ဒေသမှာ တည်ဆောက်ထားတဲ့ Glienicke Bridge ကို ညွှန်းဆိုတာပါ။ ထိုတံတားကို “Bridge of Spies” လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ စစ်အေးကာလမှာ ဖမ်းဆီးခံသူလျှိုတွေကို အဲဒီတံတားပေါ်ဝယ် အကြိမ်ပေါင်းများစွာ လဲလှယ်ခဲ့ကြလို့ပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားက အဲဒီတံတားကြီးရဲ့ ပထမဦးဆုံးသော အမေရိကန်-ရုရှား သူလျှိုလဲလှယ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးပြီး Tom Hanks နဲ့ Mark Rylance တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ Academy Award ၆ ခု လျာထားခံရပြီး Rylance က Best Supporting Actor ဆုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၇ ခုနှစ်မှာ ရူဒေါ့ဖ် အေဘယ်ကို ဆိုဗီယက်သူလျှို ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ နယူးယောက်မြို့မှာ ဖမ်းဆီးလိုက်တယ်။ အေဘယ်ရဲ့ ဥပဒေအကြံပေးနေရာအတွက် နယူးယောက်ရှေ့နေအဖွဲ့က တာဝန်ပေးအပ်လိုက်သူကတော့ ဂျိမ်းစ် ဘီ ဒိုနိုဗန်ဆိုတဲ့ အာမခံရှေ့နေတစ်ဦးဖြစ်တယ်။ “ကျွန်တော်က အာမခံရှေ့နေလေ၊ ကျွန်တော် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ရှေ့နေမလိုက်တာ နှစ်နဲ့ချီနေပြီ၊ ဘာလို့ ကျွန်တော့်ကို တာဝန်ပေးတာလဲ ... ဪ ကျွန်တော်က ဆိုဗီယက်စပိုင်ကို ကာကွယ်ပေးပါတယ်ဆိုပြီး လူမုန်းခံရမယ့်အပြင် အမှုကိုကလည်း အရှုံးခံပေးရဦးမှာတဲ့လား” ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ဒိုနိုဗန်ဟာ အေဘယ်ကို ခင်ဗျားကသူလျှိုလားဆိုတဲ့ မေးခွန်းကို တစ်ချက်ကလေးတောင် မမေးဘဲ ကာကွယ်ရေးရှေ့နေ ဖြစ်လာတဲ့ သူ့အလုပ်ကို သူတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့တယ်။ အေဘယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ ရရှိအောင် ကြိုးပမ်းပေးခဲ့တယ်။ တစ်နိုင်ငံလုံးက ကွန်မြူနစ်ကောင်ကို ကာကွယ်ပေးတဲ့ ရှေ့နေဆိုပြီး ဝိုင်းတိုက်ခိုက်ကြ၊ အိ…

You May Also Like