Baghban (2003)

Genres: Drama
Baghban (2003) IMDB : 7.4 Rotten Tomatoes : 84% Genre : Romance / Drama “ကိုယ်တို့ သားသမီးတွေအိမ်မက်တွေကိုဖြည့်စည်းရင်းနဲ့ ကိုယ်တို့အိမ်မက်တွေနဲ့ဝေးကွာခဲ့ရတယ်” သားသမီးတွေရဲ့ ခါးခါးသီးသီးငြင်းပယ်ခံရမှုအပေါ်မှာ ဖခင်တစ်ယောက်ရဲ့ တုန့်ပြန်တဲ့စကား။ မိဘဆိုသည်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သားသမီးတွေကိုတော့ ပြည့်စုံအောင်ထားချင်တာ သဘာဝပါပဲ။ “အဖေ မဆာလို့မစားတော့ဘူး” “အမေ့အတွက်မချန်နဲ့တော့နော်၊ အမေစားခဲ့ပြီးပြီ” ချိုမြိန်တဲ့ မုသားတွေအောက်က မျက်ရည်စတွေကို သားသမီးတွေမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ မိဘကတော့ အနစ်နာခံစမြဲပါ။ ဘယ်သူကလုပ်ခိုင်းလို့လဲဆိုတော့ ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ အဖြေကတော့ မိဘဖြစ်နေလို့ပါပဲ။ သာမန် မိသားစုမိကြီးပြင်းလာတဲ့လူ၊ မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရသူတွေဆို ဒီလိုမျိုး ကိစ္စတွေကို အမြဲလိုလိုကြုံခဲ့ရပါလိမ့်မယ်။ ဒါတွေကိုငယ်စဉ်အခါတုန်းက မသိခဲ့ရပေမဲ့ အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာတော့ အားလုံးကိုနားလည်လာရပါတယ်။ ဒီလိုမျိုးနားလည်လာရတဲ့အချိန်မှာ မိဘတွေက အနားမှာရှိကောင်းလည်းရှိနေနိုင်တယ်။ ရှိချင်မှလည်းရှိလိမ့်မယ်။ nအရာအားလုံးနောက်မကျသွားခင်တော့ မိဘဟာမိဘပဲဆိုတာ ဒီရုပ်ရှင်ကအကောင်းဆုံးချပြသွားပါတယ်။ ဇာတ်ညွှန်း မယ်လ်ဟိုတာ ဆိုတာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ။ အပင်မကြီးပေမဲ့ သား ၄ ယောက်ကိုတော့ အရိပ်လုံလောက်အောင်ပေးနိုင်ခဲ့တယ်။ ငါ့သားလေးလိုချင်တာရဖို့ မိုးကိုဒူးနဲ့တိုက်ရပါစေ ဆိုတဲ့လူစားမျိုး။ သူ့မှာ ပူးဂျာဆိုတဲ့ ဇနီးသည်တစ်ယောက်ရှိတယ်။ အသက်ကြီးလာသည့်တိုင် အချစ်တွေကမကုန်ခမ်းနိုင်၊ ချစ်မဝနိုင်ဖြစ်နေတုန်း။ နက်ကတိုင်ကို စည်းတတ်တယ် ဒါပေမဲ့ မစည်းဘူး ဇနီးသည်စီးပေးမှ နက်ကတိုင်မှ လည်ပင်းမှာ မြဲမှာလို့ မှတ်ယူထားတဲ့လူမျိုး။ Baghban ဆိုတာကို မြန်လာလိုပြန်ရရင် ဥယျာဉ်မှူးပေါ့လေ။ ဥယျာဉ်ထဲက အပင…