Annie Hall (1977)

Genres: Drama · Comedy · Romance
Annie Hall ( 1977 ) Annie Hallက ဝူဒီအယ်လန် အော်စကားတွေတန်းစီပြီး ပထမဆုံးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ သူ့ရုပ်ရှင်ဒါရိုက်တာဘဝရဲ့ အချိုးအကွေ့တစ်ခုလို့ ပြောလို့ရတယ်။ ဒီရုပ်ရှင်က ရှေ့ရှေ့က သူ့ရုပ်ရှင်တွေရဲ့ တင်ဆက်ပုံနဲ့ ကွဲပြားသွားပြီး ဥရောပနယူးဝေ့ကနေ ကူးဆက်လာတဲ့ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရွေ့ထဲပါခဲ့တယ်။ Best Picture, Best Directing, Best Actress in a Leading Role, Best Original Screenplay,စတဲ့ အဓိက ဆုကြီးတွေထဲက လေးဆုရခဲ့တယ်။ ဇာတ်လမ်းကတော့ ဝူဒီအယ်လန်ရဲ့ ပုဂ္ဂလိက ဆန်တဲ့အပိုင်းတွေကို စချပြခဲ့တဲ့ ကာလအစဆိုတော့ ဝူဒီအယ်လန်ရဲ့ ပုဂ္ဂလိက ဆန်တဲ့ ရုပ်ရှင်ကားလို့ပြောရမယ်။ အကြောင်းအရာကတော့ Comedianတစ်ယောက်က သူနဲ့ သူ့အချစ်တွေရဲ့ ပြဿနာကို အဖြေရှာဖို့ သူချစ်ခဲ့သမျှ လူတွေနဲ့ သူနဲ့ကြားက ပြဿနာတွေကို သုံးသပ်ပြသရင်း သူအဓိကပြချင်တဲ့ သူ့ကောင်မလေးနဲ့ သူနဲ့ဆက်ဆံရေး အခြေအနေကိုပြထားတယ်။ ဝူဒီအယ်လန်ပီသစွာပဲ သရော်လုံးတွေ ထေ့လုံးတွေ အဆင့်ရှိရှိဟာသတွေနဲ့ ဖွဲ့စည်းထားတဲ့ ရိုမန့် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့အကောင်းဆုံးအချက်ကတော့ ဒီရုပ်ရှင်ဟာ သိပ်လက်တွေ့ကျနေပြီး အပြင်က ဆက်ဆံရေးတွေကို ပုံပေါ်တဲ့ တင်ဆက်ပြသမှုမျိုးနဲ့ တင်ပြထားခြင်းပါပဲ။ ခမ်းနားကြီးကျယ်သော အချစ်ဟာ ဘယ်လိုမျိုးလဲ။ ခမ်းနားကြီးကျယ်သော အချစ်ဇာတ်လမ်းဟာ ဘယ်လိုမျိုးလဲ။ ဒီအဖြေကိုတော့ ကျွန်တော်တာကော့စကီးကို ကိုးကားပြီး ပြောရမယ်။ " ခမ်းနားကြီးကျယ်တဲ့ အချစ်ဇာတ်လမ်းတွေ သိတယ်မလား။ ဂန္တဝင်ဇာတ်လမ်းတွေလေ။ နမ်းခန်းတောင်မပါဘူး။ ဘာလို့ဆို ဖွင့်မပြောလိုက်ရတဲ့ ခံစားချက်တွေဟာ ပိုမမေ့ရက်နိုင်စရာကောင်းတာကိုး"တဲ့။ ယတိပြတ်မှန်တယ်ဆိုတာ ဘယ်တော့မှ မရှိတဲ့နောက် ဒီစကားက ပမာဏတစ်ခုအထိ မှန်တယ်။ မှန်တဲ့အခြေအနေလည်းရှိတယ်။ မမှန်တဲ့အခြေအနေလည်းရှိတယ်။ ခမ်းနားကြီးကျယ်သော အချစ်ဇာတ်လမ်းတွေမှာလည်း…