An Autumn Afternoon (1962)

Genres: Drama
An Autumn Afternoon ( 1962 ) IMDB : 8 Rottern Tomatoes : 95% Genre : Drama / Drama ဂျပန်ရုပ်ရှင်တွေဟာ ဘယ်စီနီမာနဲ့မှ မတူတဲ့ သီခြားဓာတ်တစ်ခုရှိနေတဲ့ ရုပ်ရှင်တွေပဲ။ ဂျပန်ရုပ်ရှင်ကနေ အာရှကနေ ဟောလိဝုဒ်အထိ ပြန်မှီးရတာတွေများပေမဲ့ သူက ကိုရီးယားတို့ ဘာတို့လိုတော့ လူများစုအကြိုက်တော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ပေါကြောင်ကြောင် ဂျပန်ကားတစ်ကားဆိုရင်တောင်မှပဲ ဂျပန်ရုပ်ရှင်ဆိုတဲ့ ဓာတ်က အနည်းနဲ့အများတော့ ပါသေးတယ်။ ကျန်တဲ့ အာရှပရိသတ်တွေအတွက် အဝင်ခက်မယ့် ဒီလိုရုပ်ရှင်တွေကို ဂျပန်တွေကတော့ ကြည့်နိုင်တယ်။ အလုပ်တွေထဲ ဖွင့်ပြတတ်တဲ့ ရှော့ဖလင်တွေကအစ ဒီလိုအငွေ့အသက်မျိုးပဲလို့ ကြားဖူးတယ်။ ဒါလည်း သူတို့တွေ ကြည့်နိုင်ကြတာပါပဲ။ သူတို့လူမျိုးတွေတော့ အားပေးသေးလို့ ဒီပုံစံအတိုင်းပဲ ထိန်းသိမ်းပြီး ဆက်ရိုက်နေနိုင်သေးတာလည်း ဖြစ်နိုင်တယ်။ ဂျပန်အငွေ့အသက်စစ်စစ်ရတဲ့ ဂျပန်ရုပ်ရှင်ဆိုရင် အိုဇုကို ကျွန်တော်တို့ ထိပ်ဆုံးက ထားရမှာပဲ။ ဂျပန်အငွေ့အသက်ဆို အိုဇုနဲ့ ကင်းလို့မရတာ ဂျပန်စီနီမာနဲ့ ကျွမ်းဝင်တဲ့သူတွေ သိပြီးသားကိစ္စပါပဲ။ Win Wendersရဲ့ Perfect Daysမှာတောင် အဓိကဇာတ်ကောင်ကို အိုဇုရုပ်ရှင်တွေက ဇာတ်ဆောင်နာမည်ဖြစ်တတ်တဲ့ ဟိရာယာမဆိုတဲ့ နာမည်ကို ပေးပြီး အိုဇုကို ဂုဏ်ပြုထားသေးတယ်။ Win Wendersဟာ အိုဇုကို တော်တော်အရူးအမူးကြိုက်ခဲ့တဲ့သူလည်းဟုတ်တယ်။ ဆိုပါစို့။ ဂျပန်ဒါရိုက်တာမဟုတ်တဲ့ ဒါရိုက်တာက ဂျပန်သရုပ်ဆောင်တွေချည်းသုံးပြီး ဂျပန်မှာ လာရိုက်လည်း အဲဒီကားက ဂျပန်ကားစစ်စစ်လို့ ခံစားရမှာမဟုတ်ဘူး။ ထိုနည်းလည်းကောင်း ဂျပန်ဒါရိုက်တာတွေ တရုတ်တို့ ကိုရီးယားတို့ ဟောလိဝုဒ်တို့မှာ သွားရိုက်တာတွေကလည်း သူတို့ရိုက်နေကျ ဂျပန်ကားတွေနဲ့မတူတော့ဘူး။ သူတို့ဟန်ကို သူတို့ ဒီနေ့ထက်ထိ ထိန်းထားတဲ့ စီနီမာကလူတွေလို့ပြောရမယ်။ ဒီထဲမှာမှ အိုဇုက မိတ်အင်ဂျပန်ဆို…