Amrum (2025)

Amrum

Genres: Drama

Amrum (2025) IMDb Rating (7.2) / Rotten Tomatoes (92%) ဒီကားလေးကတော့ ၂၀၂၅ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ စတင်ပြသခဲ့ပြီး၊ အောက်တိုဘာလမှာ ရုံတင်ခဲ့တဲ့ ဂျာမန်ကားကောင်း တစ်ကားပါ။ ဒါရိုက်တာကတော့ နာမည်ကြီး Fatih Akin ဖြစ်ပြီး သူ့ရဲ့ဆရာလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ Hark Bohm ရဲ့ ကလေးဘဝ အမှတ်တရတွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးက ဒီလို... အချိန်က ၁၉၄၅ ခုနှစ် နွေဦးပေါက်၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးအချိန်လေးပေါ့။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က အသက် ၁၂ နှစ်အရွယ် နန်းနင်း (Nanning) ဆိုတဲ့ ကောင်လေးပါ။ သူတို့မိသားစုက စစ်ဒဏ်ကြောင့် ဟမ်းဘတ်မြို့ကနေ ဂျာမနီမြောက်ပိုင်းမှာရှိတဲ့ 'Amrum' ဆိုတဲ့ ကျွန်းလေးကို ပြောင်းရွှေ့လာကြတာ။ သူ့အမေ ဟီလာ (Hille) က ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေတဲ့အပြင်၊ နာဇီဝါဒကို အသေအလဲ ယုံကြည်တဲ့သူပေါ့။ စစ်ရှုံးတော့မယ်၊ ဟစ်တလာလည်း သေပြီဆိုတဲ့ သတင်းတွေကြားရတဲ့အခါ သူ့အမေက စိတ်ကျရောဂါဝင်ပြီး ဘာမှမစားတော့ဘူး။ ပျားရည်၊ ထောပတ်နဲ့ ပေါင်မုန့်ဖြူလောက်ပဲ စားမယ်ဆိုပြီး ဂျီကျနေတော့တယ်။ ဒီတော့ အသက် ၁၂ နှစ်အရွယ် ကလေးလေး နန်းနင်းက မိသားစု ဝမ်းရေးအတွက်ရော၊ အမေစားချင်တာလေး ရဖို့အတွက်ပါ လူကြီးတစ်ယောက်လို ရုန်းကန်ရတော့တာပဲ။ ညဘက် တံငါသည်တွေလို ငါးထွက်ဖမ်းတာ၊ ပင်လယ်ထဲမှာ ဖျံတွေလိုက်ဖမ်းတာ၊ ဒေသခံ လယ်သမားတွေဆီမှာ အလုပ်ဝင်လုပ်တာ စသဖြင့် အလုပ်ကြမ်းတွေ အကုန်လုပ်ရတယ်။ စစ်ကြီးပြီးသွားတဲ့အခါ အားလုံးက ငြိမ်းချမ်းသွားမယ် ထင်ရပေမဲ့ တကယ့်တကယ်တော့ အဲ့ဒီလို မဟုတ်ဘူးဖြစ်နေတယ်။ နန်းနင်းတို့လို နာဇီမိသားစု နောက်ခံရှိတဲ့သူတွေအတွက် အခက်အခဲတွေ၊ ပြဿနာသစ်တွေ စုံလာပါတော့တယ်။ နန်းနင်းလေးဟာ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း သိလာရပြီး၊ ဖက်ဆစ်ဝါဒရဲ့ အဆိုးတရားတွေကြားထဲမှ…

You May Also Like