A Summer's Tale (1996)

Genres: Drama · Comedy · Romance
A Summer's Tale (1996) IMDb Rating (7.6) / Rotten Tomatoes (98%) Eric Romherရဲ့ Four Seasonsရုပ်ရှင်တွေဟာ ရာသီလေးခုနာမည်နဲ့ ရုပ်ရှင်တွေပေါ့။ လေးရာသီဇာတ်လမ်းပေါ့။ ကျွန်တော်တော့ အချစ်ရဲ့လေးရာသီဆိုတဲ့ နာမည်နဲ့ ပိုပနံသင့်မယ်လို့ထင်တယ်။ ဘဝကို ရာသီလေးခုနဲ့ ပိုင်းခြားကြတာတွေ ရှိတယ်။ ငယ်ရွယ်တဲ့ နွေဦး။ ပျိုမျစ်တဲ့နွေ။ သက်ငြိမ်စ ဆောင်းဦး။ နှောင်းတဲ့ဆောင်း။ စသလိုပေါ့။ Romherကတော့ အချစ်ကို လေးရာသီနဲ့ ပိုင်းခြားခဲ့တယ်။ ဆိုပေမဲ့ ဒီဇာတ်လမ်းလေးပုဒ်က အဆက်အစပ်တော့မရှိဘူး။ သီခြားစီပဲ။ တူညီတာကတော့ ဒီဇာတ်လမ်းလေးပုဒ်မှာ အရွယ်အမျိုးမျိုးမှာ ကျွန်တော်တို့ ကြုံရနိုင်တဲ့ အချစ်တွေကို ပြထားတယ်။ အချစ်ရဲ့လေးရာသီဆိုတဲ့နောက် အိုမင်းတဲ့ကာလတွေတော့ မပါဘူးပေါ့။ အချစ်ရဲ့ပြဿနာတွေကို အဓိကတင်ဆက်ပြတာဖြစ်တဲ့အတွက် အချစ်ရဲ့ပြဿနာတွေအရှိများသေးတဲ့ အရွယ်တွေပဲများတယ်။ Romherက အချစ်ရဲ့လေးရာသီကို တင်ဆက်ပြတဲ့နေရာမှာ ရိုမန့်တစ်ဆန်တဲ့အနေအထားကိုတော့ တွေ့ရမှာမဟုတ်ဘူး။ လက်တွေ့ကျသည်ထက် ကျအောင်ပဲ ပုံဖော်ထားတယ်။ ငယ်တုန်းဆိုလည်း ငယ်တဲ့အလျောက်။ လူလတ်ဆိုလည်း လူလတ်အလျောက်။ အိမ်ထောင်သည်ဆိုလည်း အိမ်ထောင်သည်အလျောက်။ ချစ်ခြင်းဆိုတဲ့ ဆက်ဆံရေးတွေရဲ့ အသိရခက် ရှုပ်ထွေးပုံကို တင်ဆက်ထားတယ်။ ဒီနွေပုံပြင်ကတော့ ဆယ်ကျော်သက်ဘဝရဲ့အချစ်ကိုပဲ ပြထားတဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းထဲ ကောင်လေးတစ်ယောက်က နွေရာသီပိတ်ရက်မှာ ကမ်းခြေမြို့လေးကို ရောက်လာတယ်။ သူချစ်တဲ့ကောင်မလေးနဲ့တွေ့ဖို့ လာစောင့်နေတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ရောက်မလာခဲ့ဘူး။ တခြားကောင်မလေး၂ယောက်ကတော့ သူ့ဘဝထဲ အသစ်ဝင်လာခဲ့တယ်။ သူတို့၃ယောက်ကြားမှာ သူဘယ်သူ့ကိုချစ်လဲ ဘယ်သူနဲ့တွဲချင်လဲဆိုတာကို ရွေးချယ်မှုလုပ်တဲ့အကြောင်းလို့ပြောလို့ရမယ်။ ဇာတ်လမ်းက ဒီလောက်ပဲ။ ဒီလောက်ပဲမဟုတ်တာက Romherရဲ့ ဆယ်ကျော်သက်အချစ်အပေါ်အမြ…