A Gentle Breeze in the Village (2007)

Genres: Drama · Comedy · Romance
A Gentle Breeze in the Village (2007) *********************************** "ရိုးရှင်းတဲ့ ကျေးလက်ရွာလေးဆီက တိုက်ခတ်လာတဲ့ လေနုအေးလေးလို... ရင်ထဲကို အေးမြကြည်နူးသွားစေမဲ့ ဂျပန် ဂန္တဝင် ရိုမန့်စ်ကားဟောင်းလေး" "လူ (၆) ယောက်တည်းရှိတဲ့ စာသင်ကျောင်းလေးဆီကို မြိုကြီးသား ခပ်ချောချော ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ..." ကဲ... သည်းထိတ်ရင်ဖိုတွေ၊ အက်ရှင်တွေ၊ ဒရာမာအကြမ်းစားတွေ ကြည့်ရတာများပြီး စိတ်ရှုပ်ထွေးနေရင် Vibe ပြောင်းပြီး ရင်ထဲအေးချမ်းသွားစေမဲ့ ၂၀၀၇ ခုနှစ်ထွက် Japanese Slice-of-life / Romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ကျွန်တော်တိုရဲ့ အချစ်တော် မင်းသားချော Masaki Okada ရဲ့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းသား အရွယ် ခပ်မိုက်မိုက် Cool Guy ပုံစံလေးနဲ့ မင်းသမီးချောလေး Kaho တို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းလေးကတော့ ဂျပန်နိုင်ငံရဲ့ တိတ်ဆိတ်အေးချမ်းပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုမှာ အခြေတည်ထားပါတယ်။ အဲဒီရွာလေးမှာရှိတဲ့ စာသင်ကျောင်းလေးက ဘယ်လောက်တောင် သေးငယ်လဲဆိုရင် မူလတန်းကနေ အလယ်တန်းအထိ ကျောင်းသား အားလုံးပေါင်းမှ (၆) ယောက်တည်းသာ ရှိတာပါ။ အဲဒီကျောင်းလေးမှာ အတန်းကြီးဆုံးနဲ့ အပြစ်ကင်းစင်တဲ့ ရွာသူမလေး 'ဆိုယို' ဟာ သူ့ရဲ့ ညီငယ်၊ ညီမငယ်လေးတွေလို ဖြစ်နေတဲ့ ကျောင်းသားလေးတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ တိုကျိုမြိုကြီးကနေ 'ဟီရိုမီ' ဆိုတဲ့ ခပ်ချောချော မြိုကြီးသား ကောင်လေးတစ်ယောက် ကျောင်းပြောင်းရောက်လာချိန်မှာတော့ ဆိုယိုတိုရဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာလေးမှာ ဂယက်ထလာပါတော့တယ်။ ဖက်ရှင်ကျကျနဲ့ Cool ဖြစ်လွန်းတဲ့ မြိုကြီးသားကောင်လေးနဲ့ ရိုးရိုးရှင်းရှင်း တောသူမလေးတိုရဲ့ ကြားမှာ လူငယ်ဘာဝ အပြစ်ကင်းတဲ့ အချစ်ဦး…