A Confucian Confusion (1994)

Genres: Drama · Comedy · Romance
A Confucian Confusion (1994) IMDb Rating (7.5) ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အတ်ဒ်ဝတ်ယန်းဟာ ထိုင်ဝမ်ရဲ့ အခမ်းနားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ သတ်မှတ် ခံရတဲ့သူဆိုလည်း ဟုတ်တယ်။ သူ့ရိုက်ခဲ့တဲ့ဇာတ်ကားက အကုန်ပေါင်းမှ ၇ကားပဲ ရှိခဲ့ပေမဲ့ ၇ကားလုံး မှတ်ကျောက်အတင်ခံရတဲ့ ဒါရိုက်တာဆိုလည်း မမှားဘူး။ အကျော်ကြားဆုံးကတော့ A Brighter Summer Day ဖြစ်ပါလိမ့်မယ်။ ဆိုလို့ ယန်းရဲ့ ဒီ၇ကားက ဇာတ်အိမ်တွေ ဘာတွေ အဆန်းကြီးတွေ မပါသလို ဇာတ်အိမ်ပါတယ်လို့တောင် ကျွန်တော်တော့ မထင်ဘူး။ တစ်ချို့ကားတွေမှာ သူက ထိုင်ဝမ်ရဲ့ (သူနေခဲ့တဲ့ကာလရဲ့) လက်ရှိလူနေမှုဘဝကိုပြတယ်။ တစ်ချို့ကားတွေမှာ သူဖြတ်သန်းခဲ့ရတဲ့ ထိုင်ဝမ်ရဲ့ လူနေမှုဘဝကိုပြတယ်။ ဒီလိုပြတယ်ဆိုတာမှာ သူ့ဦးတည်ချက်က လူပုဂ္ဂိုလ်ဇာတ်ကောင် တစ်ဦးတစ်ယောက်ပေါ် တည်ပြီးမပြဘဲ အဲဒီကာလရဲ့ လူအမျိုးမျိုး စိတ်အထွေထွေ အခြေအနေအဖုံဖုံကို ပြတတ်တယ်။ ပြောချင်တာက သူ့ရုပ်ရှင်တွေက ဇာတ်လမ်းတစ်ခုကို ပြောပြချင်တယ်ဆိုတာထက် သူတင်ပြချင်တဲ့အရာတွေကို တစ်ပိုင်းတစ်စစီ Fragementaionsဆန်ဆန်ပြနေတာကို ဇာတ်လမ်းဆိုတဲ့ ဘောင်တစ်ခုအပေါ် စီထည့်ထားပေးထားသလို ခံစားရတယ်။ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တွေကို စီတာမဟုတ်ဘဲ ဇာတ်ကောင်တွေကိုစီပြီး ဇာတ်လမ်းကို ပုံဖော်လိုက်တဲ့ ပုံစံမျိုးလို့ပြောရမယ်။ A Confucian Confusionမှာ ယန်း ပြတဲ့ထိုင်ပေက ဒီကားကို ရုံတင်တဲ့နှစ်က ထိုင်ပေပဲ။ ၉၄ပဲ။ မျက်မှောက်ခေတ်ပေါ့။ တိုးတက်လာပြီးဖြစ်တဲ့ ထိုင်ဝမ်ရဲ့ လူနေမှုစနစ်ထဲက အရှုပ်အထွေးတွေကို ပြထားတယ်။ ဘာလို့ A Confucian Confusion။ ကွန်ဖြူးရှပ်ပြဿနာလဲဆိုတော့ ဒီလို ကွန်ဖြူးရှပ်က လူမှုစနစ်တိုးတက်အောင် စနစ်ထွန်းကားအောင် လူတွေကို ချမ်းသာအောင် လုပ်ပေးဖို့လိုတယ်လို့ပြောခဲ့တယ်။ ဆိုပေမဲ့ ချမ်းသာအောင် လုပ်ပေးပြီးရင်ရောဆိုတဲ့ မေးခွန်းနဲ…