

52-Hertz Whales
52ヘルツのクジラたち
Drama
Director: 成島出
52-Hertz Whales (2025)
------------------
တစ်ကမ္ဘာလုံးမှာ ဘယ်ဝေလငါးနဲ့မှ မတူတဲ့ ထူးခြားအကြိမ်ရေ 52-Hz နဲ့ အော်ဟစ်နေလို့... ဘယ်သူကမှ သူမကြားနိုင်ဘဲ အထီးကျန်စွာ ကူးခတ်နေရတဲ့ "52-Hertz ဝေလငါး" ရဲ့ သဘောတရားကို အခြေခံပြီး၊ လူ့အဖွဲ့အစည်းရဲ့ ပစ်ပယ်ခြင်းခံထားရတဲ့ အထီးကျန်လူသားနှစ်ဦးကြားက နက်ရှိုင်းလှတဲ့ သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဂျပန် Drama ရုပ်ရှင်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အတိတ်က မိသားစုဝင်တွေရဲ့ ဂရုမစိုက် ပစ်ပယ်ခြင်းနဲ့ ကိုယ်ခန္ဓာ/စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပြင်းထန်စွာ ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေး Kiko Mishima အကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ နာကျင်စရာ အတိတ်တွေကနေ ရုန်းထွက်ပြီး စိတ်အေးချမ်းမှု ရရှိဖို့အတွက် ပင်လယ်ကမ်းခြေ မြို့လေးတစ်မြို့ဆီကို တစ်ဦးတည်း ပြောင်းရွှေ့လာခဲ့ပါတယ်။
အဲဒီမြို့လေးမှာ ကီကိုဟာ စကားမပြောနိုင်တဲ့ ကောင်လေး "Mushi" နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ပါတော့တယ်။ အံ့ဩဖို့ကောင်းတာက မူရှီဟာလည်း သူ့ရဲ့ မိခင်အရင်းကိုယ်တိုင်ရဲ့ ရက်ရက်စက်စက် နှိပ်စက်ခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ ကောင်လေးရဲ့ နာကျင်နေတဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ကီကိုဟာ သူမရဲ့ ငယ်စဉ်က ဆိုးရွားခဲ့တဲ့ အတိတ်ဘဝကို ပြန်လည်မြင်ယောင်လာခဲ့ပါတယ်။
သူတစ်ပါးကို အော်ဟစ်အကူအညီတောင်းပေမဲ့ ဘယ်သူကမှ မကြားနိုင်၊ မကယ်တင်ပေးနိုင်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ... တစ်ယောက်ရဲ့ အသံတိတ် ငိုကြွေးသံကို တစ်ယောက်က နက်ရှိုင်းစွာ နားလည်ပေးနိုင်စွမ်း ရှိကြပါတယ်။ ကီကိုဟာ ကောင်လေးကို ကယ်တင်ဖို့ ကြိုးစားရင်း... သူမကိုယ်တိုင်ရဲ့ စိတ်ဒဏ်ရာတွေကိုပါ ဘယ်လိုမျိုး အပြန်အလှန် ကုသသွားမလဲဆိုတာကိုရာ ရိုက်ပြထားတဲ့ ဂျပန်ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်
Download Links
WEB-DL1080p1.4 GB
⌄WEB-DL720p871.25 MB
⌄