Your Friends & Neighbors (2025)

Your Friends & Neighbors

Your Friends & Neighbors (Season 2) Internet ပေါ် Viral ဖြစ်သွားတဲ့ Jon Hamm ကြီးတစ်ယောက် ကလပ်ထဲမှာ Ohh Come on Baby Turn the Light off ဆိုပြီး လူတွေအလယ် ဒွန့်နေတဲ့ ဇာတ်ဝင်ခန်းပါတဲ့ စီးရီးလေး Season 2 ထွက်လာခဲ့ပါပြီ။ အရင် Season တုန်းက ပြဿနာတွေ ပတ်ရှာပြီး နောက်ဆုံးတော့ ခြေငြိမ်သွားမယ်ထင်ထားတဲ့ Coop တစ်ယောက် သူ့ဝသီကို မစွန့်လွှတ်နိုင်သေးပါဘူး။ ဒီ Season မှာတော့ သူတို့ အိမ်နီးနားချင်းအဖြစ် စူပါဘောစိတစ်ကောင်ဖြစ်တဲ့ Owen Ash ဆိုတဲ့ဘဲက Sam ရဲ့အိမ်ကို ဈေးမဆစ်ပဲဝယ်ပြီး ရောက်လာခဲ့ပါပြီ။ Coop သူငယ်ချင်း Barney လည်း သူ့ ပြဿနာတွေနဲ့သူ ခေါင်းရှုပ်လာပြီး Coop ပြဿနာတစ်ခုကို ဝင်ရှင်းပေးရာကနေ ဘယ်လိုတွေဖြစ်လာဦးမလဲ။ ဝါသနာအတိုင်း ဆက်ပြီး ဖောက်ထွင်းခိုးရာကနေ ဘယ်လိုသပွတ်အူပြဿနာတွေ တက်ဦးမလဲဆိုတာကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်...။ ဒီစီးရီးက Apple TV+ မှာပြသမယ့် ဒရာမာတစ်ခုဖြစ်ပြီး ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်ဗျ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က Andrew Cooper လို့ခေါ်တဲ့ လူတစ်ယောက်ပါ သူ့ကို Coop လို့လည်း ခေါ်ကြတယ် Coop က နယူးယောက်မှာ အောင်မြင်တဲ့ ရန်ပုံငွေစီမံခန့်ခွဲသူတစ်ယောက်ပေါ့ ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပြီး မိသားစုနဲ့ ဇိမ်ခံဘဝမှာ နေနေတာ ဒါပေမယ့် ရုတ်တရက် သူ့ဘဝကြီးက အဆုံးအစမရှိ ပြိုလဲသွားတယ်ဗျာ အလုပ်ကနေ အပြစ်တင်ခံရပြီး ထုတ်ပယ်ခံရတယ် တစ်ဖက်မှာလည်း သူ့ရဲ့အိမ်ထောင်ရေးက ကွာရှင်းထားတာကြောင့် ပြီးသွားပြီ ဒီလိုနဲ့ သူ့ဘဝကို ဆက်လက်ထိန်းသိမ်းဖို့ ပိုက်ဆံလိုတယ် သူ့သားသမီးတွေကိုလည်း အရင်လို ဇိမ်ကျကျ ထားချင်တယ် ဒါပေမယ့် အလုပ်လည်းမရှိ ဝင်ငွေလည်းမရှိတော့ ဘာလုပ်မလဲဗျာ Coop တစ်ယောက် ဘာကြံရင်ကောင်းမလဲလို့ တွေးရင်း ရုတ်တရက် အကြံတစ်ခုရလိုက်တယ် သူနေတဲ့ Westmont Village ဆိုတဲ့ ချမ်းသာတဲ့ရပ်ကွက်ထဲက သူ့အိမ်နီးချင်းတွေ…

Seasons

  • Season 2 (6 Episodes)

You May Also Like