VisionQuest (2026)

VisionQuest [2026] 4K HEVC အပိုင်းသစ် ( ၇ ) VisionQuest (၂၀၂၆) ဇာတ်လမ်းတွဲဟာ Marvel ကနေ အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ Disney+ မှာ ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ WandaVision (၂၀၂၁) နဲ့ Agatha All Along (၂၀၂၄) တို့ရဲ့ အဆက်ဖြစ်ပြီး Marvel ရဲ့ ရုပ်သံဇာတ်လမ်းတွဲ သုံးကားဆက် (Trilogy) ရဲ့ နောက်ဆုံး အဆုံးသတ်လည်း ဖြစ်ပါတယ်။ ဒီကားကို မကြည့်ခင် နောက်ခံဇာတ်လမ်းလေးတွေကို ပြန်ပြောင်းသတိရဖို့ လိုပါတယ်။ Avengers: Infinity War မှာ သေဆုံးသွားတဲ့ Vision ကို White Vision အနေနဲ့ အသက်ပြန်သွင်းခဲ့တာကို WandaVision ဇာတ်လမ်းတွဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီမှာ Wanda ဖန်တီးထားတဲ့ Hex ထဲက Vision ကနေ White Vision ရဲ့ မှတ်ဉာဏ်တွေကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် White Vision ဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ Agatha All Along ဇာတ်လမ်းတွဲမှာလည်း Wanda ရဲ့ သားဖြစ်သူ Billy က သူ့ရဲ့ အမြွှာညီအစ်ကို Tommy ရဲ့ ဝိညာဉ်ကို ရေနစ်သေဆုံးသွားတဲ့ Thomas Shepherd ဆိုတဲ့ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို ထည့်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း VisionQuest အစမှာတော့ White Vision ဟာ သူ့ကို လက်နက်တစ်ခုလို အသုံးချချင်နေသူတွေရန်ကနေ ရှောင်ပြေးပြီး လူယောင်ဖန်ဆင်းကာ ဘားတစ်ခုမှာ အလုပ်လုပ်ရင်း ပုန်းအောင်းနေပါတယ်။ သူ့ဆီမှာ အတိတ်က မှတ်ဉာဏ်တွေ ရှိနေပေမဲ့ ခံစားချက်တွေ မရှိတော့တဲ့အတွက် သူဟာ ဘယ်သူလဲဆိုတာကို ပြန်လည်ရှာဖွေနေရပါတယ်။ ဒါကြောင့် သူ့ရဲ့ ခေါင်းထဲက စိတ်ကူးကမ္ဘာ (Mindspace) ထဲမှာရှိတဲ့ J.A.R.V.I.S., F.R.I.D.A.Y., E.D.I.T.H. နဲ့ Ultron စတဲ့ AI တွေနဲ့ စကားပြောရင်း အဖြေရှာနေပါတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းဖို့ ဆုကြေးထုတ်ခံရပြီးနောက် Paladin ဆိုတဲ့ ဆုကြေးစားသမားက လိုက်လံဖမ်းဆီးတဲ့အခါ သူ့ရဲ့ ပုန်းအောင်းနေတဲ့ ဘဝလေး…
Seasons
- Miniseries (8 Episodes)