The Wire (2002)

The Wire

The Wire (2002) (Season 1 Ep 1 to 5) IMDB : 9.3 Rotten Tomatoes : 94% Genre : Drama / Crime The Wire ဟာ Empire Magazine ရဲ့ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲမှာ နံပတ် ၄ ချိတ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံး ဇာတ်လမ်းတွဲလို့များလို့ရှာလိုက်ရင် The Wire ဟာ Breaking Bad / The Sopranos / Game of Thrones တို့နဲ့အပြိုင် ပေါ်လာတတ်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ The Wire ဟာ ထွက်ခဲ့ဖူးသမျှထဲ Realistic အဖြစ်ဆုံး TV Series အဖြစ်သက်မှတ်ခံထားရတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲမှာ လူစွမ်းကောင်းမပါပါဘူး။ ၁၀၀ နဲ့ ၁ ယောက်ယှဉ်ချမယ့် ဆရာကြီးတွေလည်းမပါပါဘူး။ အကုန်လုံးက ကိုယ့်ဘဝနဲ့ကိုယ်တိုင်ပတ်ရင်း ရဲဝန်ထမ်းဘဝကို ဖြတ်သန်းကျပုံကို မှုခင်းနဲ့ပေါင်းပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ စကားလုံးအသုံးနှုန်းတွေကလည်း ၁၀ ကြောင်းမှာ ၇ ကြောင်းလောက်က Curse Word တွေဖြစ်ပြီး Fck အသုံးဆုံး Series တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ Violence / Sex / Curse Word တွေပါဝင်ပြီး R-Rated ဖြစ်တာကြောင့် မိသားစုနှင့်တော့ ကြည့်ရှုရန်မသင့်ပါဘူး။ ဇာတ်ညွှန်း Baltimore မြို့မှာကြီးစိုးနေတဲ့လူတစ်ခုရှိတယ်။ အဲဒါကတော့ ရဲတွေမဟုတ်ပဲ West Coast က ဆေးရောင်းတဲ့လူမည်းတွေဖြစ်ပါတယ်။ ဒီလူမည်းတွေက တရားရုံးတက်လည်းနိုင်တယ်။ လူသတ်လည်းလွတ်တယ်။ သူတို့က တရားရုံးကို ခါးပိုက်ထဲမထည့်ထားဘူး။ ရဲတွေကိုလည်း လာဘ်မထိုးဘူး။ သူတို့က လမ်းပေါ်ကလူတွေအကုန်လုံးကို လက်ခုပ်ထဲကရေလုပ်ထားတယ်။ အသတ်ခံရတော့လမ်းပေါ်ကလူ၊ သက်သေထွက်တာလည်း လမ်းပေါ်ကလူ၊ ဒါပေမဲ့ အဲဒီလမ်းပေါ်ကလူတွေကို ကြီးစိုးနေတာက ဒီလူမည်းတွေ။ ဆိုတော့ လူသတ်မှု ၁၀ မှုမှာ ၉ မှုလောက်က တရားစွဲလို့တောင်မရဘူး။ စွဲလို့ရတဲ့ ၁ မှုကျပြန်တော့လည်း ကွင်းလုံးကျွတ်လွတ်သွားပြန်တယ်။ ဆိုတော့ သူတို့ကိုသွားထိလို…

Seasons

  • Season 1 (13 Episodes)
  • Season 2 (12 Episodes)
  • Season 3 (12 Episodes)
  • Season 4 (13 Episodes)
  • Season 5 (10 Episodes)

You May Also Like