The Haunting of Hill House (2018)

The Haunting of Hill House

The Haunting of Hill House (2018) IMDB : 8.5 Rotten Tomatoes : 93% Genre : Horror Modern Horror တွေမှာ သတ်မှတ်ချက်တစ်ခုရှိတယ်။ သတ်မှတ်ချက်မဟုတ်တောင် သတ်မှတ်ချက်လိုမျိုးဖြစ်နေတဲ့ဟာပေါ့လေ။ အဲဒါကတော့ “တိတ်ဆိတ်နေတဲ့ အခန်းထောင့်လေးတွေပါမယ်၊ ရုတ်တရတ်အသံကျယ်ကြီးတွေထွက်လာမယ်၊ အကောင်လိုက်ကြီးတွေ ဘွားကနဲပေါ်လာမယ်၊ Jumpscare တွေ တပြွတ်ကြီးထည့်ပြီး ပရိသတ် ရင်ခုန်သံကို မြန်အောင်လုပ်မယ်” အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ Horror လောကမှာ Mike Flanagan ဆိုတဲ့ ဒါရိုက်တာတစ်ယောက်ရှိတယ်။ The Haunting of Hill House ကတော့ သူ့ရဲ့ Limited Series တွေထဲကတစ်ခုပေါ့လေ။ The Haunting of Hill House ဆိုတော့ မြန်မာလိုဆို “ဟေးလ်စံအိမ်” ကြီးအကြောင်းရိုက်ထားတာပေါ့လေ။ ဒီဇာတ်လမ်းတွဲအကြောင်းတင်ထားတဲ့ YouTube Video တစ်ခုအောက်မှာ “ဘာလို့လူတွေက ဒီဇာတ်လမ်းတွဲကို Horror ဆိုပြီးပြောနေကြတာလဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ ဇာတ်လမ်းတွဲဟ” ဆိုပြီး ပြောထားတာလေးတောင် တွေ့လိုက်သေးတယ်။ ဒီဇာတ်လမ်းတွဲက ကြည့်တဲ့လူကို ဝမ်းနည်းအောင်လုပ်မယ့် Horror ဇာတ်လမ်းတွဲပါပဲ။ ဇာတ်ညွှန်း “ဟေးဟ်စံအိမ်” ဆိုတာ အဖက်ဖက်က ယိုယွင်းပျက်စီး နေတဲ့ ရဲတိုက်လိုမျိုး အိမ်ကြီးတစ်အိမ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအိမ်ကြီးကို ပြန်လည်ပြင်ဆင်ပြီး အလှဆင်မယ် ပြီးတော့ ရောင်းစားမယ်ဆိုတဲ့အကြံနဲ့ ခရိန်းမောင်နှံက သားသမီး ၅ ယောက်နဲ့အတူတူ ဟေးလ်စံအိမ် ဆီကိုပြောင်းလာခဲ့ပါတယ်။ ဟေးလ်စံအိမ်မှာ သူတို့နေလိုက်ရတာ ၁၉၉၂ ရဲ့ နွေရာသီရဲ့ တစ်စိတ်တပိုင်း ခဏတာကာလလေးပါပဲ။ ဒါပေမဲ့ သူတို့မောင်နှမ ၅ ယောက်ရလိုက်တဲ့ စိတ်ဒဏ်ရာကတော့ တစ်သက်လုံးပါသွားခဲ့ပါတယ်။ ဆယ်စုနှစ်တွေကြာပြီးတဲ့နောက်မှာ မောင်နှမ ၅ ယောက်ဟာ တစ်ယောက်ခြင်း ကွဲကြေခြင်း တစ်ခုခြင်းစီကို ရင်မှာပိုက်ပြီး လောကကြီးကို ရင်ဆိုင်နေရပါပြီ။ အကုန်လုံးမှာ ကွဲကြ…

Seasons

  • Season 1 (0 Episodes)

You May Also Like