The Capture (2019)

The Capture

The Capture (2019) Season 03 (Ep1 to Ep4) ရပါပြီ။ IMDb Rating (8.0) / Rotten Tomatoes (97%) I will find you လိုမျိုး ခေါင်းစားရမဲ့ လှည့်ကွက်တွေနဲ့ တစ်ထိုင်တည်းကြည့်ချင်သွားမဲ့ ဗြိတိန်စီးရီးအလန်းစား တစ်ခု တင်ပေးထားပါတယ်။ မျက်စိရှေ့မှာမြင်နေရတာတောင် တကယ်အစစ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်သွားစေမယ့် The Capture ဆိုတဲ့ ဇာတ်လမ်းတွဲ ပါပဲ။ ဇာတ်လမ်းအစမှာ Shaun Emery ဆိုတဲ့ စစ်သားတစ်ယောက်ကို မြင်ရမယ်။ သူက အာဖဂန်မှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကနေ ဗီဒီယိုသက်သေအမှားအယွင်းရှိလို့ဆိုပြီး ထောင်ကနေ လွတ်လာတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် မပြီးဘူး။ ထောင်ကလွတ်တဲ့နေ့ ညမှာပဲ သူ့ရှေ့နေမလေးကို သူကိုယ်တိုင် ပြန်ပေးဆွဲသွားတာကို CCTV ကနေ အထင်အရှား ဖမ်းမိသွားပြန်ရော။ Shaun ကတော့ သူ တကယ်မလုပ်ပါဘူး၊ အဲဒီအချိန်မှာ သူ တစ်ယောက်တည်းရှိနေတာပါဆိုပြီး အသေအလဲကို ငြင်းတော့တာပဲ။ ဒါပေမဲ့ ဗီဒီယိုသက်သေမှာက ခိုင်ခိုင်လုံလုံကို ပါနေတာလေ။ ဒီတော့ ရဲစုံထောက် Rachel Carey က ဒီအမှုကို ကိုင်တွယ်ဖြေရှင်းရတော့တာပေါ့။ စုံစမ်းရင်း စုံစမ်းရင်းနဲ့ ဘာတွေသွားတွေ့လဲဆိုတော့... အခုခေတ်မှာ အရမ်းခေတ်စားနေတဲ့ Deepfake နည်းပညာတွေ၊ လုံခြုံရေးကင်မရာ (CCTV) တွေကို ကြားဖြတ်ဟက်ပြီး ပုံဖျက်တာတွေ၊ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ နောက်ကွယ်က အကြီးစား ကြိုးကိုင်လှုပ်ရှားမှုကြီးတွေကိုပါ သွားပြီး ပတ်သက်မိတော့တာပဲ။ ဒီကားရဲ့ အမိုက်ဆုံးအချက်က "ငါတို့ မြင်နေရတဲ့ အရာတွေကရော တကယ်အစစ်တွေပဲလား" ဆိုပြီး ဇာတ်လမ်းကြည့်နေရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးခွန်းထုတ်လာရတဲ့အထိ ဆွဲဆောင်နိုင်တာပဲ။ Plot twist တွေကလည်း လုံးဝကို မထင်မှတ်ထားတာတွေချည်းပဲဆိုတော့ အပိုင်းတစ်ပိုင်းပြီးတိုင်း နောက်တစ်ပိုင်းကို ဆက်ကြည့်ချင်လာအောင် ဆွဲခေါ်သွားလိမ့်မယ်။ နည်းပညာ၊ ထောက်လှမ်းရေးနဲ့ မှုခင်းဇာတ်လမ်…

Seasons

  • Series 3 (6 Episodes)

You May Also Like