Advertisement
Teach You a Lesson

Teach You a Lesson

참교육

★ 10.0📅 2026👥 2 votes
DramaComedyAction & Adventure

"LET US PROTECT YOU!"

Teach You a Lesson (2026) ************************** အပိုင်းသစ် (1 မှ 10) စ/ဆုံး Taxi Driver လို တရားမျှတမှုဖော်ဆောင်ပေးတဲ့ အက်ရှင်ဇာတ်လမ်းတွေကို စောင့်မျှော်နေသူများအတွက် Netflix ကနေ ထွက်ရှိလာတဲ့ webtoon-based ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ Juvenile Justice ထဲက မင်းသား Kim Moo-Yul နဲ့ မင်းသားကြီး Lee Sung-Min၊ Undercover High School ထဲက မင်းသမီး Jin Ki-Joo၊ Good Partner ထဲက မင်းသား Pyo Ji-Hoon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ (Lee Sung-Min) ရဲ့ ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန"... ဒီဌာနရဲ့အဓိက တာဝန်ကတော့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ အဆိုပါ တာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း (Kim Moo-Yul) ဦးဆောင်တဲ့ အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့ နစ်နာသူဘက်က‌နေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လို ပညာပေးဆုံးမသွားမှာလဲ... ပညာရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြီး ကျောင်းစည်းကမ်းကို ဘယ်လို တည့်မတ်ပြုပြင်ပေးသွားမလဲဆိုတာကို အားရကျေနပ်ဖွယ် ကြည့်ရှုရမှာမို့လို့ ဒီနေ့ အပိုင်းအားလုံး စောင့်မျှော်အားပေးကြပါဦး။ Aired: Jun 5, 2026 Aired On: Friday Genres: Action, Thriller, Comedy, Drama Episodes: 10 Original Network: Netflix
Advertisement

Download Links

Limited Series10 Episodes
Advertisement