

Star City
DramaSci-Fi & FantasyWar & Politics
"In the race for glory, every secret has gravity."
Star City (2026)
Season 01 ( Ep 1+2 ) Ongoing
IMDb Rating (6.5) / Rotten Tomatoes (94%)
Apple TV+ ကနေ အခုလတ်တလော ထွက်ရှိထားတဲ့ "Star City" Season 1 ကို တင်ပေးထားပါတယ်။။ ဒီစီးရီးက နာမည်ကြီး For All Mankind စီးရီးရဲ့ Spin-off ဇာတ်လမ်းခွဲလေးဆိုလည်း မမှားပါဘူး။ For All Mankind မှာတုန်းက အမေရိကန်တွေရဲ့ ရှုထောင့်ကနေ အာကာသပြိုင်ပွဲကို ကြည့်ခဲ့ရပေမဲ့၊ အခု Star City မှာတော့ သံမဏိကန့်လန့်ကာ (Iron Curtain) ရဲ့ နောက်ကွယ်က ဆိုဗီယက်ယူနီယံ (ရုရှား) ဘက်ကနေ ပြန်ပြီး ရိုက်ပြထားတာပါ။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ လပေါ်ကို ပထမဆုံး လူသားစေလွှတ်နိုင်ခဲ့တဲ့ ဆိုဗီယက်တို့ရဲ့ အာကာသစူးစမ်းလေ့လာရေး သမိုင်းကြောင်းကို အခြေခံထားတာပါ။ အာကာသထဲက အန္တရာယ်တွေထက် မြေပြင်ပေါ်က ထောက်လှမ်းရေးတွေ၊ အင်ဂျင်နီယာတွေနဲ့ အာကာသယာဉ်မှူးတွေကြားက နိုင်ငံရေး ကစားကွက်တွေ၊ အားပြိုင်မှုတွေနဲ့ သူတို့ရဲ့ စွန့်စားမှုတွေကို သည်းထိတ်ရင်ဖို တွေ့မြင်ရမှာပါ။ အထူးသဖြင့် ဆိုဗီယက်တွေက လပေါ်ကို အမျိုးသမီး အာကာသယာဉ်မှူးတစ်ယောက် စေလွှတ်ဖို့ ကြိုးစားတဲ့ အပိုင်းတွေကလည်း တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒီစီးရီးကို ဖန်တီးခဲ့သူတွေကတော့ For All Mankind ကို ဖန်တီးခဲ့တဲ့ Ben Nedivi, Matt Wolpert နဲ့ Ronald D. Moore တို့ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာတွေ အနေနဲ့ကတော့ Nick Murphy, Stefan Schwartz, Kasia Adamik နဲ့ Jamie Payne တို့က အပိုင်းအလိုက် ခွဲပြီး ရိုက်ကူးပေးထားတာပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အနေနဲ့ဆိုရင်လည်း ဆိုဗီယက် အာကာသစူးစမ်းရေးရဲ့ အဓိက ဦးနှောက်ဖြစ်တဲ့ Chief Designer နေရာမှာ Rhys Ifans၊ ကေဂျီဘီ ထောက်လှမ်းရေး အကြီးအကဲ နေရာမှာ Anna Maxwell Martin၊ အာကာသယာဉ်မှူးတွေ အဖြစ် Adam Nagaitis၊ Alice Englert နဲ့ Solly McLeod တို့လို သရုပ်ဆောင်ကောင်းတွေ အများကြီး ပါဝင်ထားကြပါတယ်။
Sci-Fi အမျိုးအစားတွေ၊ Alternate History လို့ခေါ်တဲ့ သမိုင်းကို ပြောင်းပြန်လှန်တွေးထားတဲ့ ဇာတ်လမ်းတွေနဲ့ နိုင်ငံရေး ထောက်လှမ်းရေး ကစားကွက်တွေကို သဘောကျတယ်ဆိုရင်တော့ အခု ၂၀၂၆ မေလကုန်ပိုင်းကစလို့ Apple TV မှာ စတင်ပြသနေပြီဖြစ်တဲ့ ဒီစီးရီးအသစ်လေးကို သဘောကျမှာ သေချာပါတယ်ဗျာ။
File size… (1.9 GB) / (650 MB)
Quality…. WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre…. Drama, Sci-Fi
Duration…. 1hr
Subtitle…. Myanmar Subtitle (Hardsub)
Download Links
Season 12 Episodes
⌄