

Sign
싸인
DramaMysteryCrime
Sign (2011)
*******************
အပိုင်း (6 မှ 8)
ဒီတစ်ခေါက်မှာတော့ Lovers in Paris ထဲက မင်းသားကြီး Park Shin-Yang နဲ့
200 Pounds Beauty ထဲက မင်းသမီး Kim A-Joong တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့
နာမည်ကြီး မှုခင်းဒရမ်မာဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးကတော့ မှုခင်းဆေးပညာအကြောင်းကို အဓိကထား ရိုက်ကူးတဲ့ ပထမဦးဆုံး တောင်ကိုးရီးယား
ဒရမ်မာဖြစ်ပြီး The King's Warden ရဲ့ ဒါရိုက်တာ Jang Hang-Jun နဲ့ Signal၊ Kingdom တို့ရဲ့
စာရေးဆရာမ Kim Eun-Hee တို့ ဇနီးမောင်နှံက လက်တွဲဖန်တီးထားတဲ့ လက်ရာလေးပဲ ဖြစ်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဖျော်ဖြေပွဲလုပ်နေစဉ်အတွင်း ရုတ်တရက် သေဆုံးသွားခဲ့တဲ့ နာမည်ကြီး အိုင်ဒေါအဖွဲရဲ့ ခေါင်းဆောင် ဆောယွန်းဟျောင်း...
မှုခင်းဆရာဝန် ယွန်းဂျီဟွန်း (Park Shin-Yang) နဲ့ မှုခင်းစစ်ဆေးရေးအရာရှိ ဂိုဒါဂယောင်း (Kim A-Joong) တီု့က
ဒီအမှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးမဲ့ သက်သေအထောက်အထားတွေကို ကြိုးစားရှာဖွေခဲ့ပေမဲ့လည်း
အဓိက သံသယရှိသူက နောင်လာမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမဲ့ သမ္မတလောင်းရဲ့
သမီးဖြစ်နေတဲ့အတွက် အမှုတစ်ခုလုံး ဖုံးဖိခံခဲ့ရပါတယ်။
ဒီလိုနဲ့ တစ်နှစ်ကြာပြီးတဲ့အခါ ယွန်းဂျီဟွန်းနဲ့ မှုခင်းဆရာဝန် ဖြစ်လာတဲ့ ဂိုဒါဂယောင်းတို့က တောင်ပိုင်း
အမျိုးသားမှုခင်းဆေးပညာဌာနခွဲမှာ ပြန်လည်ဆုံစည်းပြီး တစ်ဖန် လက်တွဲလုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့...
ဒီတစ်ခါမှာရော သူတို့က ဆောယွန်းဟျောင်းအမှုရဲ့ အမှန်တရားကို အောင်မြင်စွာ ဖော်ထုတ်သွားနိုင်မှာလား...
နာမည်ကြီး hip hop အဖွဲ့ဖြစ်တဲ့ "Deux" အဖွဲ့ဝင် Kim Sung-Jae ရဲ့ သံသယဖြစ်ဖွယ် သေဆုံးမှုကို
အဓိက ကျောရိုးယူ ဇာတ်အိမ်တည်ထားပြီး နာမည်ကျော် ဟွာဆောင်းကွင်းဆက်လူသတ်မှု၊
BlazBlue ဂိမ်းစွဲလူသတ်မှု အစရှိတဲ့ ကိုးရီးယားနိုင်ငံရဲ့ ဖြစ်ရပ်မှန်အမှုကြီးများစွာကိုပါ အခြေခံပြီး
ပေါင်းစပ် ရိုက်ကူးထားတာဖြစ်လို့ မှုခင်းဒရမ်မာကြိုက်နှစ်သက်သူများအတွက် မျက်တောင်မခတ်တမ်း
ကြည့်ရှုရမှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။
Aired: Jan 5, 2011 - Mar 10, 2011
Aired On: Wednesday, Thursday
Genres: Crime, Thriller, Mystery, Medical
Episodes: 20
Original Network: SBS
Download Links
Season 18 Episodes
⌄