Advertisement
Payback

Payback

เพย์แบค เดอะซีรีส์

0📅 20260
DramaCrime
အတုံ့အလှည့် (၂၀၂၆) ============== "ခံစားချက်ထက် အပေးအယူကို ပိုယုံကြည်တဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာထဲကို... ကလဲ့စားချေချင်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ..." ခပ်ကြမ်းကြမ်းနဲ့ Dark Theme ဘက်သွားထားတဲ့ Revenge/Romance စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဆန်းဆိုတာ အသက် ၂၅ နှစ်အရွယ် ပစ္စည်းပို့သမားလေးတစ်ယောက်ပါ။ သူ့ရဲ့ အတိတ်က တော်တော်လေး အမှောင်ကျနေခဲ့တဲ့သူပေါ့။ အကြမ်းဖက်မှုတွေကြောင့် သူ့ရဲ့ ညီနဲ့ အမေကို ဆုံးရှုံးခဲ့ရပြီး အပြစ်ကင်းစင်ချင်တဲ့စိတ်နဲ့ နေထိုင်နေပေမဲ့ ရင်ထဲက ကလဲ့စားချေချင်တဲ့ မီးတောက်ကတော့ ဘယ်တော့မှ ငြိမ်းမသွားခဲ့ပါဘူး။ ဒီလိုနဲ့ ကလဲ့စားချေဖို့အတွက် Dream Entertainment ထဲကို ဝင်ရောက်လာရာကနေ... ကုမ္ပဏီရဲ့ Director ဖြစ်တဲ့ ဂျေးနဲ့ ပြန်ဆုံတွေ့ပါတော့တယ်။ ဂျေးကတော့ ခန့်ညားပြီး ဩဇာကြီးမားတဲ့သူတစ်ယောက်၊ ခံစားချက်ထက် နည်းဗျူဟာကို ပိုယုံကြည်ပြီး ဆက်ဆံရေးတိုင်းကို အကျိုးအမြတ် အပေးအယူတစ်ခုလိုပဲ မြင်တတ်သူပေါ့။ ဒါပေမဲ့ အေးစက်စက် အပြင်ပန်းသွင်ပြင်ရဲ့ နောက်ကွယ်မှာ ဂျေးဆီမှာလည်း ဘယ်သူမှမသိတဲ့ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေ ရှိနေပါတယ်။ အရာရာကို သူ့လက်တစ်ဖဝါးထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ ဂျေးရဲ့ ငြိမ်သက်လှတဲ့ ကန်ရေပြင်လို ကမ္ဘာလေးဟာ ဆန်းဆိုတဲ့ ခဲလုံးလေး ဝင်ရောက်လာချိန်မှာတော့ စတင်လှိုင်းထန်လာပါတော့တယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လှတဲ့ အနုပညာလောကကြီးထဲမှာ ဂျေးက ဆန်းရဲ့ Sponsor အနေနဲ့ နောက်ကွယ်ကနေ အသံတိတ် ပံ့ပိုးပေးရင်းနဲ့... သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တဖြည်းဖြည်း ရှုပ်ထွေးလာချိန်မှာတော့… ရည်မှန်းချက်ကိုယ်စီ ပြည့်မြောက်သွားမလား ခံစားချက်တွေကပဲ လွှမ်းမိုးသွားမလား ရှုစားကြပါဦး။
Advertisement

Download Links

Season 11 Episodes
Advertisement