Lucky (2026)

Lucky (2026) 4K HEVC အပိုင်း ( ၁ မှ ၇ ) အထိ စ / ဆုံး IMDb Rating (6.2) / Rotten Tomatoes (82%) Lucky (2026) ဟာ Apple TV+ ကနေ အသစ်ထုတ်လွှင့်ပြသလိုက်တဲ့ Crime Thriller အမျိုးအစား ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာမ Marissa Stapley ရဲ့ New York Times Bestselling ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုရမယ့် Limited Series တစ်ခုလည်း ဖြစ်ပါတယ်။ Anya Taylor-Joy, Annette Bening, Timothy Olyphant, Drew Starkey, Aunjanue Ellis-Taylor တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Lucky (Anya Taylor-Joy) ဟာ ငယ်ဘဝကတည်းက ကျင်လည်ခဲ့ရတဲ့ ဒုစရိုက်လောကကြီးကို စွန့်ခွာပြီး ဘဝသစ်တစ်ခုကို အေးအေးချမ်းချမ်း စတင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။ သို့သော်လည်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရာမှာ မထင်မှတ်ဘဲ လွဲချော်သွားတဲ့အခါမှာတော့ သူဟာ လွတ်မြောက်ဖို့အတွက် အသက်လုပြီး ထွက်ပြေးရပါတော့တယ်။ တစ်ဖက်မှာ FBI ရဲ့ အပြင်းအထန် လိုက်လံဖမ်းဆီးမှုတွေအပြင်၊ အခြားတစ်ဖက်မှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် Priscilla Matheson (Annette Bening) ရဲ့ ရန်ကနေ လွတ်မြောက်ဖို့အတွက် Lucky ဟာ သူမစွန့်လွှတ်ခဲ့တဲ့ အတိတ်က ဒုစရိုက်ပညာရပ်တွေကို နောက်ဆုံးအနေနဲ့ ပြန်လည်အသုံးပြုရပါတော့တယ်။ သူမရဲ့ အသက်ရှင်သန်ရေးနဲ့ အတိတ်ကနေ အပြီးတိုင် လွတ်မြောက်ရာလမ်းကို ဘယ်လိုရှာဖွေမလဲဆိုတာကို အချိုးအကွေ့များစွာနဲ့ သည်းထိတ်ရင်ဖိုစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ The Queen's Gambit နဲ့ The Menu တို့လို ဇာတ်ကားတွေမှာ သရုပ်ဆောင်ကောင်းလွန်းလို့ နာမည်ကြီးတဲ့ မင်းသမီးချော Anya Taylor-Joy က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားသလို၊ ကိုယ်တိုင်လည်း Executive Producer အနေနဲ့ ပါ…
Seasons
- Miniseries (7 Episodes)