Advertisement
Fix the Error!

Fix the Error!

오류를 고쳐줘!

★ 8.8📅 2026👥 6721 votes
DramaSci-Fi & Fantasy
Fix the Error! (2026) ******************* သေမင်းတမန်နဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်း အပိုင်းသစ် (၁ + ၂) BL ဇာတ်လမ်းတွဲပရိသတ်များအတွက် ခုတစ်ခါမှ ဇာတ်အိမ်ဆန်းသစ်တဲ့ ကိုရီးယားစီးရီးလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ Lee Hyeon Jun နဲ့ Kim Yung Hee တို့က အဓိက ပါဝင်ထားပါတယ် ။ ဇာတ်ညွှန်းအကျဉ်း…. သေမင်းတမန်ဖြစ်ဖို့ ကြိုးစားရင်း အကြိမ်ကြိမ် မအောင်မြင်ဖြစ်နေတဲ့ ဂျီဟန်ဟာ တစ်နေ့မှာတော့ စာမေးပွဲဖြေရမယ့်အစား စစ်ဆေးမှုတစ်ခုကို ခံယူရပါတယ် .. စစ်ဆေးမှုက လူသားလောကကို သွားရောက်ပြီး သူ့ကို ပြသပေးလိုက်တဲ့ နာမည်ကုဒ်နဲ့ထပ်တူကျတဲ့ လူသားတစ်ယောက်ရဲ့အသက်ဝိညာဉ်ကို ခေါ်ဆောင်လာခဲ့ဖို့ပါပဲ... ဒီလိုနဲ့ လူသားလောကကို ရောက်သွားတဲ့ ဂျီဟန်ဟာ အထက်တန်းကျောင်းတစ်ခုမှာ သူ ရှာရမယ့်ကုဒ်နဲ့တစ်ထပ်တည်းတူနေတဲ့သူကို တွေ့သွားခဲ့ပါတယ် ။ ဒါပေမဲ့ ကုဒ်ထပ်တူညီနေတဲ့သူဟာ တစ်ယောက်တည်းမဟုတ်ဘဲ .. ခံစားချက်ဖော်ပြလေ့မရှိ အရယ်အပြုံးနည်းတဲ့ ဟျွန်းဂျွန်းနဲ့ တက်တက်ကြွကြွ ပြုံးရွှင်စွာနေတတ်တဲ့ ယောင်းဟွီဆိုတဲ့ ကောင်လေး နှစ်ယောက်ဖြစ်နေခဲ့ပါတယ် ။ “ဘယ်သူ့ကို အသက်ဇီဝိန်နုတ်ရမလဲ” ဆိုတဲ့မေးခွန်းကို အဖြေထုတ်ဖို့ ဂျီဟန်တစ်ယောက် ကောင်လေးနှစ်ယောက်အား အနီးကပ်လေ့လာရင်းကနေ “ဘယ်သူ့ကို အသက်ချမ်းသာပေးရမလဲ” ဆိုတဲ့ မေးခွန်းအဖြစ်ပြောင်းလဲလာခဲ့ပါတော့တယ် ။ ခံစားချက်တွေဖြစ်ပေါ်လာတဲ့ သေမင်းတမန်တော်လေးအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို စောင်ကိုက်ရင်း ရင်ခုန်စွာနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် .. Episodes: 06 Aired: Jun 12, 2026 - Jun 26, 2026 Aired On: Friday Original Network: Shortime, GagaOOLala Genres: Romance, Fantasy
Advertisement

Download Links

Season 12 Episodes
Advertisement