Advertisement
Cape Fear

Cape Fear

★ 6.6📅 2026👥 5 votes
DramaCrime

"Out of prison, and out for revenge."

Cape Fear (2026) Season 01 ( Ep 1+2 ) Ongoing ဒီရက်ပိုင်းမှာ သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ Apple TV+ ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ကမှ လတ်တလော အသစ်ထွက်လာတဲ့ Cape Fear (Season 1) စီးရီးကိုသာ ကြည့်လိုက်ပါ။ ဒီစီးရီးက ၁၉၆၂ နဲ့ ၁၉၉၁ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ကို အခုခေတ်နဲ့အညီ TV Series အနေနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အကြမ်းစားတွေချည်းပဲနော်။ အော်စကာဆုရှင်တွေဖြစ်တဲ့ မင်းသားကြီး Javier Bardem နဲ့ မင်းသမီး Amy Adams တို့အပြင် Patrick Wilson တို့က အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Anna နဲ့ Tom Bowden ဆိုတဲ့ ရှေ့နေ လင်မယားနှစ်ယောက်အကြောင်းပါ။ သူတို့ မိသားစုလေး အေးအေးချမ်းချမ်း နေထိုင်နေကြရင်းကနေ တစ်နေ့ကျတော့ Max Cady ဆိုတဲ့ လူသတ်သမားကြီး ထောင်ကလွတ်လာရာကနေ ပြဿနာတွေ စပါတော့တယ်။ ဒီ Max Cady ဆိုတာက အရင်တုန်းက Anna နဲ့ Tom တို့ကိုယ်တိုင် ထောင်ချဖို့ ကူညီပေးခဲ့ဖူးတဲ့သူ ဖြစ်နေတာကိုး။ ထောင်ကထွက်လာတဲ့အခါမှာတော့ Max တစ်ယောက် သူ့ကို ထောင်ထဲရောက်အောင် လုပ်ခဲ့တဲ့ ရှေ့နေလင်မယားကို ကလဲ့စားချေဖို့ ရောက်လာပြီး မိသားစုကို အမျိုးမျိုး ဒုက္ခပေး ခြောက်လှန့်တော့တာပါပဲ။ Max Cady နေရာကနေ သရုပ်ဆောင်ထားတဲ့ Javier ရဲ့ အိုက်တင်က တကယ်ကို ကြက်သီးထစရာကောင်းပါတယ်။ အရင်တုန်းက Robert De Niro သရုပ်ဆောင်ခဲ့တဲ့နေရာကို အခု Javier က သူ့စတိုင်နဲ့သူ တည်တည်ငြိမ်ငြိမ်နဲ့ ကြောက်စရာကောင်းတဲ့ သားကောင်ရှာနေသူတစ်ယောက်လို သရုပ်ဆောင်သွားတာ တွေ့ရမှာပါ။ အရင်ရုပ်ရှင်တုန်းကနဲ့ မတူတာက ဒီစီးရီးမှာ အခုခေတ်နည်းပညာတွေဖြစ်တဲ့ AI ဖန်တီးမှုတွေ၊ Social Media ပြဿနာတွေ၊ True Crime Podcast လိုမျိုးတွေပါ ထည့်သွင်းထားတာမို့ ပိုပြီး လက်တွေ့ကျကျ ရင်ဖိုစရာ ကောင်းလာပါတယ်။ ဒီစီးရီးကို နာမည်ကြီး ဒါရိုက်တာတွေဖြစ်တဲ့ Steven Spielberg နဲ့ Martin Scorsese တို့က Executive Producer အနေနဲ့ ပါဝင်အားဖြည့်ထားတာမို့ အရည်အသွေးပိုင်းကတော့ ပြောစရာမလိုအောင် စိတ်ချရပါတယ်။ ဒီစီးရီးက စုစုပေါင်း အပိုင်း (၁၀) ပိုင်း ပါဝင်မှာဖြစ်ပြီး Apple TV+ မှာ ဇွန်လ ၅ ရက်နေ့ကစလို့ ပထမဆုံး အပိုင်း (၂) ပိုင်းကို စတင်ကြည့်ရှုနိုင်နေပါပြီ။ ကျန်တဲ့အပိုင်းတွေကိုတော့ ဇူလိုင်လကုန်အထိ အပတ်စဉ် သောကြာနေ့တိုင်း တစ်ပိုင်းစီ ဆက်လက်ထွက်ရှိသွားမှာပါ။ အပိုင်း (၁၀) ပိုင်းဆိုတော့ နည်းနည်းတော့ ရှည်တယ်လို့ ခံစားရနိုင်ပေမယ့်၊ ဇာတ်လမ်းရဲ့ အရှိန်တင်သွားတာတွေ၊ မျှော်လင့်မထားတဲ့ အကွေ့အကောက်တွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတာမို့ Psychological Horror Thriller ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ စီးရီးတစ်ခုလို့ ပြောပါရစေ။ File size… (3 GB) / (1.2 GB) / (500 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Episodes... 10 Genre…. Crime, Drama, Thriller Duration…. 55min Subtitle…. Myanmar Subtitle (Hardsub)
Advertisement

Download Links

Miniseries2 Episodes
Advertisement