Advertisement
Ashes to Crown

Ashes to Crown

翘楚

★ 8.0📅 2026👥 1 votes
DramaSci-Fi & Fantasy
အခုတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ နန်းတွင်းဇာတ်အိမ်ကိုမှ အချစ်ရိပ်လေးတွေယှက်သန်းနေတဲ့စီးရီးအသစ်လေးပါ။ ဒီဇာတ်လမ်းက Strong Female Lead နဲ့ အောက်ခြေကနေ ထိပ်ဆုံးကိုတက်လှမ်းတဲ့ Plot တွေကိုပေါင်းစပ်ထားတာမို့ ကြည့်ရတာ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းမှာပါ။ ‌အဓိကဇာတ်ဆောင်တွေကတော့ Veil of shadows ထဲက မမလှလှလေး Chen Du Ling နဲ့ Generation to Generation ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ယောက်ျားပျိုအလှလေး ကိုကို Zhou Yi Ran တို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> စစ်သူကြီးတစ်ဦးရဲ့သမီးဖြစ်သူ ချူးကျောက်ဟာ ချူးပြည်နယ်ရဲ့အမွေဆက်ခံသူ ရှောင်ရွှင်ရဲ့အာဏာလုပွဲမှာ အသုံးချခံရုပ်သေးရုပ်ဖြစ်ရမဲ့ကံကြမ္မာကို လုံးဝလက်မခံခဲ့ပါဘူး။ အဲတော့ အတိတ်ဘဝကမှတ်ဉာဏ်တွေနဲ့အတူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကသာ ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ယုံကြည်ပြီး အာဏာလုပွဲတွေကြားထဲမှာ ပျက်စီးသွားမဲ့အစား တိုင်းရေးပြည်ရာအရှုပ်ထွေးရဲ့ဗဟိုချက်ဆီကို ရဲရဲဝံ့ဝံ့ခြေချဖို့ ကိုယ်တိုင်ရွေးချယ်လိုက်ပါတော့တယ်။ ဒီလမ်းကြောင်းပေါ်မှာပဲ ချူးကျောက်ဟာ ရှဲ့မိသားစုရဲ့တရားမဝင်သားဖြစ်တဲ့ ရှဲ့ယန်လိုင်နဲ့ဆုံတွေ့ခဲ့ပြီး ဒီဆုံတွေ့မှုက သူတို့နှစ်ယောက်လုံးရဲ့ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ချူးကျောက်ဟာ မှောင်မိုက်ပြီးအားကိုးရာမဲ့နေတဲ့ ယန်လိုင်ရဲ့ဘဝထဲကို အလင်းရောင်ဆောင်ကြဉ်းပေးခဲ့သလို သူ့အပေါ် ဖိနှိပ်ထားတဲ့အတားအဆီးတွေကိုပါ ချိုးဖျက်ပစ်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ နန်းတွင်းကိုယ်ရံတော်လေးဘဝကနေ ရှဲ့ယန်လိုင်တစ်ယောက် တဖြည်းဖြည်းချင်းတက်လှမ်းရင်းနဲ့ နောက်ဆုံးမှာတော့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်မယ့် စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးက အစွမ်းကုန်ကူညီပေးပြီး မင်းသားက အောက်ခြေရဲမက်ဘဝကနေ စစ်သူကြီးဖြစ်အောင် အတူတူရုန်းကန်ကြတဲ့ Power Couple Vibe က တကယ့်ကိုဆွဲဆောင်မှုရှိတဲ့အပြင် နှစ်ယောက်လုံးကလဲ ရုပ်ရည်ရူပကာမှာ god level တွေဖြစ်လို့ ကြည့်ရတာ အတော်လေးကိုမြိုင်မဲ့ဇာတ်လမ်းမျိုးမို့ ပရိသတ်တွေ သဘောကျအားရကြဦးမှာ အသေအချာပါပဲ။ Total Episodes : 24 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
Advertisement

Download Links

Season 19 Episodes
⌄
Advertisement