Advertisement
Archives: The Nanyang Mystery

Archives: The Nanyang Mystery

南部档案

0📅 20260
MysteryAction & Adventure
ဒီတစ်ခါကတော့ Republican ခေတ်ဦးနောက်ခံ ဇာတ်လမ်းဆန်းလေးကို ညွှန်းပေးမှာပါ။ ဒီဇာတ်ကားက mystery, thriller ပုံစံဇာတ်အိမ်ဆိုတော့ ပရိသတ်တွေလဲ သဘောကျဦးမဲ့ဇာတ်လမ်းလေးပါပဲ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်တွေအဖြစ် Justice in the dark မှာ အလှလေးဖေစုအဖြစ် ပါဝင်ခဲ့တဲ့ Zhang Xin Cheng၊ Love in Pavilion နဲ့ Fight for love မှာပါဝင်ခဲ့တဲ့ ကိုကိုတင်းယွီရှီးနဲ့ မမလှလှလေး Jiang Pei Yao တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။ ဒီဇာတ်လမ်းဟာ Southern Archives က လျှို့ဝှက်အေးဂျင့်နှစ်ဦးဖြစ်တဲ့ကျန်းဟိုင်ယန့်နဲ့ ကျန်းဟိုင်ရှတို့နှစ်ယောက်ရဲ့စုံစမ်းစစ်ဆေးမှုကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်း >>> တရုတ်သမ္မတနိုင်ငံခေတ်ဦးကာလတုန်းက နန်ယန်ဒေသမှာ ထူးဆန်းဆန်းပြားတဲ့ဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့နှစ်ယောက်ဟာ စစ်ဗိုလ်ချုပ်တွေ နောက်ကွယ်ကနေကြံစည်နေကြတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို လိုက်လံဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီကြံစည်မှုကတော့ Dusk Grass လို့ခေါ်တဲ့ အဆိပ်ပင်တစ်မျိုးကိုအသုံးချပြီး အာဏာလုဖို့ ကြိုးစားနေကြတာပါ။ စုံစမ်းရေးလမ်းကြောင်းတစ်လျှောက်မှာ အသက်အန္တရာယ်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သဲလွန်စအားလုံးကို သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့သမျှအမှုမှန်သမျှဟာ နန်အန်းလို့ခေါ်တဲ့ ဧရာမပင်လယ်ကူးသင်္ဘောကြီးတစ်စင်းပေါ်မှာ ဆုံမှတ်လာတည့်နေတာကို မထင်မှတ်ဘဲရှာဖွေတွေ့ရှိသွားပါတော့တယ်။ ဒီဇာတ်လမ်းက Republic Era နဲ့ Adventure အမျိုးအစားဖြစ်ပြီး နာမည်ကျော် Daomu Biji (Tomb Raiders) Universe ထဲက Character တွေဖြစ်တဲ့ ကျန်းဟိုင်ယန့်နဲ့ကျန်းဟိုင်ရှတို့ရဲ့ဇာတ်ကြောင်းမို့လို့ တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါ့အပြင် သဲလွန်စအားလုံးက နန်အန်းသင်္ဘောကြီးပေါ်မှာ လာစုနေတာဆိုတော့ သင်္ဘောကြီးပေါ်မှာ ဖြစ်ပျက်မဲ့အကွက်တွေကလည်း တကယ်ကို ရင်တထိတ်ထိတ်ဖြစ်စေမှာမို့ ကြည့်ကိုကြည့်ရမဲ့စီးရီးကောင်းပါပဲနော်။ Total Episodes : 33 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
Advertisement

Download Links

Season 112 Episodes
Advertisement