9-1-1 or 911 (2018)

9-1-1 Season 9 Ep 1 9-1-1 ရဲ့ စီစင်အသစ် ပြန်စပါပြီ.. အရင်စီစင်တွေလိုပဲ Rating ကောင်းတွေရထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်း မရိုးနိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ အခက်အခဲပြဿနာတွေကို Dispatch 118 အဖွဲ့ကဘယ်လိုဖြေရှင်းသွားမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် Teasersကြည့်ထားတဲ့လူတွေ သိကြသလို Season 9မှာတော့ ဟန်းနဲ့အသီနာတို့ အာကာသခရီးထွက်မှာတို့ ဥက္ကာပျံတွေကျလာတာတဲ့ ပြဿနာကို ဖြေရှင်းရတာတို့ အစရှိသဖြင့် ပါလာမှာပါ။ ပထမပိုင်းမှာတော့ အရင်အတွဲရဲ့နောက်ဆုံးပိုင်းကနေ အချိန်ခြောက်လအကြာမှာ အာကာသခရီးထွက်ရမယ့်ကိစ္စကို အပျိုးပြပြီး ဘော်ဘီမရှိတော့တဲ့နောက်ပိုင်း သူမရှိတော့တဲ့အခြေအနေနဲ့ အသားမကျနိုင်သေးတဲ့ အသီနာ့အခြေအနေ, နောက် ဘော်ဘီ့နေရာကို ယူထားတဲ့ ဟောင်းဝတ်ဟန်ရဲ့ အခြေအနေတွေနဲ့ အစပျိုးထားတယ်။ ဒီအပိုင်းမှာတော့ အပျိုးသဘောပဲ နောက်အတွက် ပျိုးထားတဲ့ ပြဿနာပေါင်းစုံကိုရော ကာရိုက်တာတွေရဲ့ စိတ်အခြေအနေကို ကူးလူးပေးနိုင်မယ့် ပြဿနာတွေကိုရော တစ်ပိုင်းတည်း ပြသွားပြီး နောက်၂ပိုင်းမှာတော့ အာကာသခရီးနဲ့ ဘေးအန္တရာယ်ကြီးကို အသားပေးပြသွားမှာပါ။ ဒီရှိုးကြီးက ဘော်ဘီ့ကို မမေ့သေးကြောင်းကိုလည်း ပြထားတယ်။
Seasons
- Season 9 (18 Episodes)