Viva La Vida (2024)

Viva La Vida

Genres: Drama · Romance

"အသက်ရှင်ဖို့အတွက် ကိုယ့်ကို ကျောက်ကပ်လှူပြီး သေပေးမယ့်သူတစ်ယောက်ကို လက်ထပ်ပါမယ်ဆိုရင်..." ဒီစကားလေး ကြားလိုက်တာနဲ့တင် ရင်ထဲကို ဆို့နင့်ပြီး တစ်ခုခု လာဆောင့်အောင့်သွားစေတယ်မလား? ဒီတစ်ခါတော့ ကြည့်နေရင်းနဲ့ မျက်ရည်တွေကျရသလို၊ ဘဝမှာ အသက်ရှင်နေရတာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို နွေးနွေးထွေးထွေးလေး ခံစားရစေမယ့် Viva La Vida ဆိုတဲ့ တရုတ် Romance & Healing Drama ကားကောင်းလေးအကြောင်း ပြောပြချင်ပါတယ်။ဒီကားလေးက တရုတ်ဒါရိုက်တာ Han Yan ရဲ့ နာမည်ကြီး "Life Trilogy (ဘဝသုံးပိုင်း)" ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး၊ တကယ့်ဖြစ်ရပ်မှန်ဆောင်းပါးတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ Peng Yuchang နဲ့ Li Gengxi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ လင်းမင် ဟာ ယူရေးမီးယား (Uremia) ရောဂါကြောင့် ကျောက်ကပ်ပျက်စီးနေပြီး အသက်ရှင်ဖို့အတွက် ကျောက်ကပ်အစားထိုးဖို့ အသည်းအသန် လိုအပ်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ ရောဂါဝေဒနာကို နေ့စဉ်ခံစားနေရပြီး စိတ်ဓာတ်ကျနေတဲ့ သူမဟာ တစ်နေ့မှာတော့ "ကျွန်မသေသွားရင် ကျွန်မမိသားစုကို စောင့်ရှောက်ပေးမယ့်သူရှိရင် လက်ထပ်ပါ့မယ်။ အစားထိုးအနေနဲ့ သူသေသွားရင် သူ့ကျောက်ကပ်ကို ကျွန်မယူပါ့မယ်" ဆိုတဲ့ ဗီဒီယိုတစ်ခုကို အင်တာနက်ပေါ် မထင်မှတ်ဘဲ တင်လိုက်ပါတယ်။အဲဒီဗီဒီယိုကို လွီထူ ဆိုတဲ့ လူငယ်လေးက တွေ့သွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ ဆက်စပ်သွားပါတော့တယ်။ လွီထူ ဟာ ဦးနှောက်ကင်ဆာဖြစ်နေပြီး ဆေးကုသမှုကို လုံးဝငြင်းဆန်ထားကာ သေမယ့်ရက်ကိုပဲ စောင့်နေသူပါ။ သူသေသွားရင် ကျန်ရစ်ခဲ့မယ့် မိခင်ဖြစ်သူကို စောင့်ရှောက်ပေးမယ့်သူ ရှာနေတဲ့ လွီထူ က လင်းမင် ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ရောက်လာခဲ့ပါတယ်။ အသက်ရှင်ချင်လွန်းတဲ့ ကောင်မလေးနဲ့ သေချင်နေတဲ့ ကောင်လေးတို့ရဲ့ ကြားက "အသက်ဆက်ကြေး" သဘောတူညီမှုကြီးကနေ စတင်ခဲ့တဲ့ သူတို့ရဲ့…

You May Also Like