Advertisement
Vampires of the Velvet Lounge

Vampires of the Velvet Lounge

★ 7.0📅 2026⏱ 105 min👥 4 votes
HorrorComedy

Director: Adam Sherman

Vampires of the Velvet Lounge (2026) ++++++++++++++++++ ၂၀၂၆ ခုနှစ် မတ်လမှာ ထွက်ရှိထားတဲ့ "Vampires of the Velvet Lounge" ဇာတ်ကားလေးကတော့ Action၊ Horror နဲ့ Comedy တွေကို အချိုးကျကျ ရောမွှေထားတဲ့ ကားလေးပါ။ ဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ အမေရိကန်တောင်ပိုင်းက လမ်းကြားလေးတစ်ခုထဲမှာရှိတဲ့ တိတ်ဆိတ်တဲ့ ဘားတစ်ခုမှာ သွေးစုပ်ဖုတ်ကောင် အုပ်စုတစ်စု ပုန်းအောင်းနေကြပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ မြို့စားကတော် အဲလိဇဘက် (Countess Elizabeth) ပေါ့။ သူတို့က အရင်လိုအပြင်ထွက်ပြီး လူမကိုက်တော့ပါဘူး။ ခေတ်နဲ့အညီ အရမ်းလည်လာပြီး သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်းဖို့ Dating Apps တွေကနေတစ်ဆင့် အထီးကျန်နေတဲ့သူတွေကို ညာခေါ်၊ ချိန်းတွေ့ ပြီးမှ သွေးစုပ်ကြတာပေါ့။ တစ်နေ့ကျတော့ အဲလိဇဘက်က Dating app မှာ Right-swipe လုပ်ပြီး ချိန်းတွေ့ဖို့ ရွေးလိုက်တဲ့သူတွေက သွေးစုပ်ဖို့ အလွယ်လေးတွေ မဟုတ်နေပါဘူး။ ပြဿနာက အဲဒီလူတွေက သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံနှိမ်နင်းနေတဲ့ အသွင်ယူ Vampire Hunters တွေ ဖြစ်နေပါတယ်။ ဒီလိုနဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ Hunters တွေ Dating app ကနေတစ်ဆင့် ချိန်းတွေ့ကြတဲ့ညမှာ ဘာတွေဆက်ဖြစ်မလဲဆိုတော့... အကုန်လုံး ပရမ်းပတာတွေ ဖြစ်ကုန်တာပါပဲ။ သွေးစုပ်ဖုတ်ကောင်တွေကလည်း အပိုင်စားမယ်ဆိုပြီး လာတာ၊ ဟိုဘက်ကလည်း နှိမ်နင်းမယ်ဆိုပြီး အဆင်သင့်ဖြစ်နေတာဆိုတော့ အဲဒီဘားထဲမှာ သွေးတွေ၊ အက်ရှင်တွေ၊ ဟာသတွေနဲ့ ရူးသွပ်စရာကောင်းတဲ့ တိုက်ပွဲကြီး ဖြစ်သွားတော့တာပေါ့။ ဒီကားထဲမှာ Mena Suvari ၊ Stephen Dorff ၊ Rosa Salazar နဲ့ Fast and Furious ထဲက Tyrese Gibson တို့လို နာမည်ကြီးတွေ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သွေးထွက်သံယို အခန်းတွေပါပေမယ့် ဟာသလေးတွေပါ စွက်ထားလို့ အပေါ့စား ကြည့်လို့ကောင်းမယ့် Horror Comedy ကားလေးတစ်ကား ဖြစ်ပါတယ်။ File Size… (1.65GB) / (958MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 45m Genre ….Vampire Horror , Action , Comey , Thriller Subtitle….Myanmar Subtitle (Hard Sub)
Advertisement

Download Links

WEB-DL1080p1.65GB
WEB-DL720p958MB
Advertisement