V (AKA) Empty Gun (2026)

ငွေကြေးနဲ့ အာဏာကို ရယူလိုစိတ်က လူတစ်ယောက်ရဲ့ဘဝကို ဘယ်အထိ ပြောင်းလဲပစ်နိုင်မလဲ။ အခွင့်အရေးတစ်ခုကို အသုံးချပြီး ဘဝပြောင်းလဲဖို့ ကြိုးစားရာကနေ ရာဇဝတ်လောကထဲ တဖြည်းဖြည်းနစ်ဝင်သွားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Crime Drama ဇာတ်ကားကောင်းလေးကတော့ V (Kong Qiang) ပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာ Zhu Yilong က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အလုပ်သမားလူတန်းစားဘဝကနေ ငွေကြေးနဲ့ အောင်မြင်မှုကို ရယူဖို့ ရာဇဝတ်လမ်းကြောင်းထဲ ဝင်ရောက်သွားတဲ့ Man Tsz-keung အဖြစ် ပါဝင်ထားပါတယ်။ Tan Jianci ကတော့ သူ့နောက်ကို မလွှတ်တမ်းလိုက်နေတဲ့ ပြည်မရဲအရာရှိ Qi Honggang အဖြစ် ပါဝင်ထားပြီး Tony Leung Ka Fai ကတော့ ဟောင်ကောင်ရဲ့ အင်အားကြီး စီးပွားရေးသမားကြီး Chen Huiyan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Michelle Wai၊ Kara Wai နဲ့ Selena Lee တို့လို သရုပ်ဆောင် ကောင်းတွေလည်း ပါဝင်ထားတာကြောင့် ဇာတ်ကားရဲ့ အရှိန်အဟုန်က ပိုမိုပြည့်ဝနေမှာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များအစောပိုင်းကာလ။ ဟောင်ကောင်မြို့ဟာ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေသလို ငွေကြေးနောက်ကို လိုက်သူတွေနဲ့ ရာဇဝတ်မှုတွေပါ တဖြည်းဖြည်းများပြားလာတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်မကနေ ဟောင်ကောင်ကို ရောက်လာတဲ့ Man Tsz-keung ဟာ သာမန်အလုပ်သမားဘဝနဲ့ မကျေနပ်ဘဲ ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ဆင်းရဲတဲ့ဘဝကနေ လွတ်မြောက်ပြီး ငွေကြေးအလျင်အမြန်ရယူချင်တဲ့ သူ့ရဲ့ဆန္ဒက သူ့ကို ရာဇဝတ်လောကနဲ့ နီးကပ်လာစေပါတယ်။ အစပိုင်းမှာ ရိုးရှင်းတဲ့ အမှုအသေးစားတွေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ရဲရင့်မှုနဲ့ ကံကောင်းမှုတွေကြောင့် ပိုမိုကြီးမားတဲ့ ရာဇဝတ်မှုတွေထဲ ဝင်ရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ လေယာဉ်မယ် Lok Ka-yuen နဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ဟာ…