Up in the Air (2009)

Up in the Air

Genres: Drama · Romance

Up in the Air (2009) ******************** IMDb - 7.4/10 ဒီဇာတ်ကားလေးကတော့ Walter Kirn ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ ဘဝအမော၊ ဟာသနဲ့ ဒရာမာ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် Comedy, Drama, Romance ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် ဒါရိုက်တာ Jason Reitman က ရိုက်ကူးထားပြီး ဟောလိဝုဒ်မင်းသားကြီး George Clooney၊ မင်းသမီး Vera Farmiga နဲ့ Anna Kendrick တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ရိုမန်တစ်ဇာတ်ကားဆိုပေမယ့် သာမန်အချစ်ဇာတ်လမ်းတွေနဲ့မတူဘဲ လူ့ဘဝရဲ့ အထီးကျန်မှု၊ အလုပ်ခွင်သဘောသဘာဝနဲ့ လူမှုဆက်ဆံရေးတွေကို ထိမိအောင် ရိုက်ပြထားတာမလို့ ဒရာမာကားကောင်း ကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ကားကောင်းဖြစ်ပြီး ပရိတ်သတ်အကြိုက်ဇာတ်သိမ်းကို ခန့်မှန်းလို့မရနိုင်တဲ့ ဇာတ်ကားတွေထဲကတစ်ကားမို့ ကြည့်သင့်တဲ့အထဲ ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ ရိုင်ယန်ဘင်ဂန်ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ တခြားကုမ္ပဏီတွေက ဝန်ထမ်းလျှော့ချချင်တဲ့အခါ တခြားသူတွေအစား ဝင်ပြီး လူတွေကို အလုပ်ထုတ်ပေးရတဲ့ အလုပ်ကို လုပ်နေရသူပါ။ ရိုင်ယန်က တစ်နှစ်ကို ၃၂၂ ရက်လောက် ခရီးထွက်နေရပြီး လေယာဉ်ပေါ်နဲ့ ဟိုတယ်တွေမှာပဲ အချိန်ကုန်လေ့ရှိသူ ဖြစ်ပါတယ် ။ သူ့မှာ ကိုယ်ပိုင်အိမ်ဆိုတာထက် လေဆိပ်တွေကသာ သူ့အိမ်လို ဖြစ်နေပြီး အမေရိကန်လေကြောင်းလိုင်းရဲ့ မိုင်ပေါင်း ၁၀ သန်းပြည့်ဖို့ကိုပဲ ရည်မှန်းချက်ထားနေသူပါ။ သူက အိမ်ထောင်မပြုချင်၊ သံယောဇဉ်မတွယ်ချင်ဘဲ "ကျောပိုးအိတ်အလွတ်" ဆိုတဲ့ ဒဿနနဲ့ လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တဲ့သူတစ်ယောက်အဖြစ် ဟောပြောပွဲတွေမှာ မိန့်ခွန်းတွေပြောလေ့ရှိပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ နာတာလီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လူကိုယ်တိုင်သွားပြီး အလုပ်ထုတ်စရာမလိုဘဲ video callနဲ့ အလုပ်ထုတ်လို့ရမယ့်စနစ်ကို စတင်မိတ်ဆက်လိုက်တာကြော…

You May Also Like