Totto-chan: The Little Girl at the Window (2023)

Genres: Drama · Family · Animation
Totto-Chan: The Little Girl at the Window (2023) IMDB – 7.6/10, MyAnimeList – 7.8/10 Studio Ghibli ကထုတ်လုပ်ပေးတဲ့ Spirited Away တို့ My Neighbor Totoro လိုမျိုး Art Style နဲ့ ကြည့်ရင်း စိတ်နှလုံးသားတွေ နွေးထွေးသွားစေမယ့် ကလေးဘဝသံယောဇဉ်မေတ္တာလေးတွေကို စစ်ပွဲနောက်ခံနဲ့အတူ ဖော်ကျူးထားတဲ့ Anime ရုပ်ရှင်ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ Animation လေးတွေကလည်း နောက်ခံတွေဆို ပန်းချီကားတွေလို အသေးစိတ်ကျပြီး ဇာတ်ကောင်လှုပ်ရှားမှုတွေကလည်း သေသပ်လှပတဲ့အပြင် ဇာတ်ကောင်ကလေးလေးတွေဆို ပါးနီလေးတွေနဲ့ အရမ်းချစ်စရာကောင်းတာမျိုးလေးတွေပါ။ ဇာတ်လမ်းကလည်း ဒုတိယကမ္ဘာစစ် မပြီးခင်အချိန်ကာလက တကယ့်အပြင်မှာ ရှိခဲ့တဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းနဲ့ သူများနဲ့မတူပဲ လန်းဆန်းတက်ကြွလွန်းလှတဲ့ ကလေးမလေးတစ်ယောက်ကို ဦးတည်ရိုက်ကူး ပုံဖော်ထားတာပါ။ Tetsuko Kuroyanagi ရဲ့ သူ့ဘဝကို သူကိုယ်တိုင်ရေးထားတဲ့ အထ္တုပ္ပတ္တိစာအုပ်လေးကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့… Totto-chan ဆိုတာက အရမ်းလည်ပြီး အင်မတန်ကို တက်ကြွရွှင်မြူးတဲ့ ကလေးမလေးတစ်ယောက်ပါ။ အမြင်ကပ်စရာလည်း ကောင်းသလို ချစ်စရာလည်း ကောင်းနေပြန်ရောပေါ့။ ဒါပေမဲ့ Totto ရဲ့မေမေကတော့ ခေါင်းခဲနေပါတယ် ဘာလို့လဲဆို Totto တစ်ယောက် အလည်လွန်တာရော စကားတတ်တာရောကြောင့် ဘယ်ကျောင်းမှ သူ့ကို လက်မခံချင်ကြပါဘူး။ ဒီလိုနဲ့ တစ်နေ့ကျ Tomoe မူလတန်းကျောင်းလေးကို Totto ရောက်သွားခဲ့တယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ သူများနဲ့မတူညီတဲ့ ချည်းကပ်တဲ့ပုံစံတွေ၊ အတန်းထဲက ကျောင်းသူကျောင်းသားတွေရဲ့ ထူးခြားဆန်းပြားတဲ့ အကျင့်စရိုက်လေးတွေ၊ Tomoe စာသင်ကျောင်းလေးရဲ့ တစ်မျိုးတစ်မည် ကွဲထွက်နေတဲ့ သင်ကြားရေးနည်းစနစ်တွေကြောင့် Totto တစ်ယောက် ဒီကျောင်းလေးမှာ မြဲပြီး ကျောင်းပျော်လေးဖြစ်လာတဲ့အကြောင်းကို ကြ…