Animal Farm (2026)

Animal Farm

Genres: Drama · Family · Comedy · Science Fiction · Animation

Animal Farm (2026) 4K HEVC George Orwell ရဲ့ နာမည်ကျော် "Animal Farm" ကို အသက်သွင်းထားတဲ့ ကာတွန်းကားသစ်လေး တင်ပေးထားပါတယ်။ ဒီကားက ၂၀၂၅ မှာ Annecy ပွဲတော်မှာ စပြပြီး၊ ၂၀၂၆ မေလ ၁ ရက်နေ့ကျမှ အမေရိကန်မှာ ရုံတင်ပြသခဲ့တာပါ။ * ဒါရိုက်တာနဲ့ အသံသရုပ်ဆောင်များ * ဒီကားကို Lord of the Rings ထဲက Gollum အဖြစ် နာမည်ကြီးတဲ့ Andy Serkis က ရိုက်ကူးထားတာပါ။ အသံသရုပ်ဆောင်တွေကတော့ ဟောလိဝုဒ်က နာမည်ကြီးတွေချည်းပဲ။ Napoleon (အာဏာရှင် ဝက်ကြီး) အဖြစ် Seth Rogen Squealer (ဝါဒဖြန့်တဲ့ ဝက်) အဖြစ် Kieran Culkin Boxer(သစ္စာရှိတဲ့ မြင်းကြီး) အဖြစ် Woody Harrelson Snowball (စတာလင်ရဲ့ ပြိုင်ဘက်ဝက်) အဖြစ် Laverne Cox အစကတော့ ဒါရိုက်တာက လူကိုယ်တိုင်သရုပ်ဆောင်တဲ့ Motion-capture အနေနဲ့ ရိုက်မလို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းက အရမ်း Dark ဖြစ်သွားမှာစိုးလို့ မိသားစုကြည့်လို့ရတဲ့ 3D Animation ပုံစံ ပြောင်းရိုက်လိုက်တာပါ။ ဇာတ်လမ်းကိုလည်း မူရင်းဝတ္ထုနဲ့ တစ်ထပ်တည်း မသွားဘဲ "Lucky" ဆိုတဲ့ ဝက်ပေါက်လေး ဇာတ်ကောင်အသစ်စက်စက် တစ်ကောင်ကို ထည့်ပြီး၊ အဲဒီဝက်လေးရဲ့ အမြင်ကနေ ဇာတ်လမ်းကို ပုံဖော်ထားတယ်။ Animation ရုပ်ထွက်က တကယ့်တိရစ္ဆာန်တွေလို အလေးချိန်စီးစီးနဲ့ အသက်ဝင်အောင် ကောင်းကောင်း ဖန်တီးထားနိုင်ပေမဲ့ ပရိသတ်နဲ့ ဝေဖန်ရေးဆရာတွေ ဆီကတော့ အမှတ်သိပ်မရဘူးဗျ (Rotten Tomatoes မှာ 27% ပဲ ရထားတယ်)။ ဘာလို့လဲဆိုတော့ မူရင်းဝတ္ထုရဲ့ လေးနက်တဲ့ နိုင်ငံရေးအနှစ်သာရကို ကလေးတွေကြည့်လို့ရအောင် လျှော့ချပစ်လိုက်ပြီး၊ ရုရှားတော်လှန်ရေးကို သရော်တာထက် ခေတ်သစ် ကော်ပိုရိတ်လောကကို သရော်တဲ့ဘက် နည်းနည်း ယိမ်းသွားလို့ မူရင်းအရသာ ပျောက်သွားတယ်လို့ သုံးသပ်ကြပါတယ်။ * မူရင်းဝတ္ထုကြီးရဲ့ သမိုင်း၊ ဝါဒ နဲ့ တင်စားချက်များ * George Orwell ၁၉၄၅ ခုနှစ်မှာ ရေးခဲ့တဲ့ ဒီဝတ္ထုက သာမ…

You May Also Like