DC League of Super-Pets (2022)

DC League of Super-Pets

Genres: Family · Adventure · Comedy · Action · Science Fiction · Animation

DC ရဲ့ စူပါဟီးရိုး ဇာတ်ကားတွေကို ကလေးဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး (Family-friendly) ရိုက်ကူးထားတဲ့ အန်နီမေးရှင်း ဇာတ်ကားလေး "DC League of Super-Pets (၂၀၂၂)" ကို Review လုပ်ပေးချင်ပါတယ်။ စူပါဟီးရိုးတွေရဲ့ နောက်ကွယ်က ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ စွန့်စားခန်းတွေကို ဟာသနှောပြီး တင်ဆက်ထားတာမို့ မိသားစုနဲ့အတူတူ ကြည့်ရှုဖို့ အကောင်းဆုံး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။ လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ File size… 4.28 GB/1.3 GB / 700 MB Quality… Blu-ray 4K/1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Animation, Action, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub)

You May Also Like