The Secret Agent (2025)

The Secret Agent

Genres: Drama · Thriller · Crime

The Secret Agent (2025) IMDb Rating (7.9) / Rotten Tomatoes (98%) အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။ ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။ သူ ဘာလို့ လာတာလဲ? ဘယ်သူမှ မသိဘူး။ ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။ ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။ တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။ လူသ-တ်မှုတွေကလည်း နေရာအနှံ့ပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အသ-တ်ခံရတာရှိသလို၊ လမ်းဘေး ရာဇဝတ်မှုတွေကြောင့် သေတာလည်း ရှိတယ်။ အဆိုးဆုံးကတော့ လူသ-တ်သမားတွေဟာ တစ်ဖက်သားကို သ-တ်ပြီးရင် ဘာမှမဖြစ်သလိုပဲ ညစာကောင်းကောင်းစား၊ အိပ်ရာဝင်နိုင်လောက်အောင် ယဉ်ပါးနေကြတဲ့ လောကကြီးတစ်ခုအဖြစ် ပုံဖော်ထားတာပါ။ အဲဒီလောကကြီးထဲမှာမှ အတိတ်ဆိုးတစ်ခုနဲ့လူတစ်ယောက်က သူ့သားလေးနဲ့ ဇာတ်မြှပ်ပြီးပြန်နေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ကြေးစားနှစ်ယောက်က နောက်ကလိုက်လာပြီး လုပ်ကြံတဲ့အကြောင်းကို သမိုင်းနောက်ခံနဲ့ အခြား ဇာတ်ကောင်အပြိုင်ဘဝတွေနဲ့ အနုပညာမြောက်မြောက် ပုံဖော်ထားပါတယ်။ တချို့ဝေဖန်သူတွေက ဒီကားကို ဟိုတစ်စ ဒီတစ်စနဲ့ ဖန့်တီးလွန်းတယ်လို့ ဆိုကြပါတယ်။ ဥပမာ - ငါးမန်းဗိုက်ထဲက တွေ့တဲ့ ခြေထောက်တစ်ဖက်ကနေ သရဲပြန်ခြောက်တဲ့ အခန်းမျိုးပေါ့။ ဒါပေမဲ့ ဒါတွေက ဇာတ်လမ်းအစစ်အတိုင်း ယူဆရတာမဟုတ်ဘဲ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာမျိုးတွေပါပါတယ်။ ဒါရိုက်တာ Kleber ဟာ Bacurau နဲ့ Aquarius တို့လို…

You May Also Like