The Rays and Shadows (2026)

(၂၀၂၆) မတ်လမှာ အသစ်ထွက်ရှိထားတဲ့ ပြင်သစ် စစ်ပွဲနောက်ခံ ဇာတ်ကားကြီး "The Rays and Shadows" (မူရင်းအမည် - Les Rayons et les Ombres) ကို တင်ဆက်ပေးလိုက်ပါတယ်။ အော်စကာဆုရှင် မင်းသားကြီး Jean Dujardin ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာ Xavier Giannoli ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလတွေကို သမိုင်းအထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်လမ်းဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကနေ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ ပြင်သစ်နိုင်ငံ (ပါရီမြို့) ကို သိမ်းပိုက်ထားတဲ့ အချိန်ကာလကို အခြေခံထားပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂျင်း လူးချား (Jean Luchaire - သရုပ်ဆောင် Jean Dujardin) ဟာ သြဇာကြီးမားတဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး ပြင်သစ်နဲ့ ဂျာမနီကြား ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်နေသူပါ။ တစ်ဖက်မှာလည်း သူ့ရဲ့ သမီးဖြစ်သူ ကိုရင်း (Corinne - သရုပ်ဆောင် Nastya Golubeva Carax) ဟာ တဖြည်းဖြည်း နာမည်ကြီးလာတဲ့ ရုပ်ရှင်မင်းသမီးလေး တစ်လက် ဖြစ်ပါတယ်။ စစ်ပွဲကြီး စတင်ပြီး ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်လိုက်တဲ့အခါ ဂျင်း ဟာ နာဇီသံအမတ် အော့တို (Otto Abetz - သရုပ်ဆောင် August Diehl) နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး၊ အာဏာနဲ့ အခွင့်အရေးတွေအတွက် နာဇီတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ လမ်းစဉ် (Collaboration) ကို ရွေးချယ်ခဲ့ပါတယ်။ အာဏာရဲ့ မြူဆွယ်မှုနောက်ကို လိုက်သွားတဲ့ ဖခင်တစ်ယောက်နဲ့ သမီးဖြစ်သူတို့ရဲ့ ဘဝတွေ စစ်ပွဲကာလအတွင်းမှာ ဘယ်လိုတွေ ရိုက်ခတ်ပြောင်းလဲသွားလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စစ်ပွဲကို သေနတ်တွေ၊ ဗုံးတွေနဲ့ မပြဘဲ အာဏာ၊ မီဒီယာနဲ့ လူတွေရဲ့ လောဘတွေကို အဓိကထား ပြသထားပါတယ်။ မင်းသား Jean Dujardin ဟာ ကိုယ့…