The Prison (2017)

The Prison

Genres: Crime · Action

The Prison (2017) ************************* "The Prison" ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Na Hyun ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပေမဲ့ ထောင်တွင်းပတ်ဝန်းကျင်ကို ပုံဖော်ရာမှာ အတော်လေး အသေးစိတ်ပြီး လက်တွေ့ဆန်လှပါတယ်။ အကျဉ်းသားတွေရဲ့ ဘဝ၊ သူတို့ကြားက အာဏာပိုင်ဆိုင်မှုနဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ ပုံဖော်ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ် အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ဆိုရင်လည်း Han Suk-kyu , Kim Rae-won, Jung Woong-in, Shin Sung-rok, Jo Jae-yoon နဲ့ Lee Geung-young တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ The Prison" ရုပ်ရှင်ဇာတ်ကားဟာ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျသွားတဲ့ ရဲအရာရှိဟောင်း Song Yoo-gun (Kim Rae-won) ရဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ သူထောင်ထဲရောက်တဲ့အခါမှာ အကျဉ်းထောင်တစ်ခုလုံးကို ထောင်ပိုင်တွေရဲ့ အကူအညီနဲ့ ထိန်းချုပ်ထားတဲ့ ကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် Jung Ik-ho (Han Suk-kyu) ကို တွေ့ရှိခဲ့ပါတယ်။ ထောင်ထဲမှာ Jung Ik-ho ဟာ ဘုရင်တစ်ပါးလို နေရပါတယ်။ ထောင်ထဲမှာတော့ Ik-ho စကားသည်သာ ဥပဒေဖြစ်ပြီးတော့ သူ့ကို ထိတဲ့ သူတိုင်း မရှုမလှ သေဆုံးကြရပါတယ်။ ထောင်ပိုင်နဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေတောင် သူ့အမိန့်ကို မလွန်ဆန်ရဲကြ‌ပါဘူး။ Jung Ik-ho ရဲ့ ခိုင်းစေချက်အရ အကျဉ်းသားတွေဟာ ညဘက်မှာ ထောင်ကနေခိုးထွက်ပြီးတော့ ပြစ်မှုတွေကျူးလွန်ကာ မနက်ရောက်ရင် ထောင်ထဲပြန်လာကြရပါတယ်။ ထောင်ပိုင်ကလည်း သိပေမဲ့ သိသိလျက်နဲ့ လွှတ်ပေးထားတာမို့ Ik-ho ကလည်း ထောင်ကို သူ့ကမ္ဘာလို သဘောထားကာ ကြိုက်သလို ခြယ်လှယ်နေပါတော့တယ်။ Yoo-gun ဟာဆိုရင်လည်း သူ့ အစ်ကိုသေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ထောင်ထဲဝင်ခဲ့ရာက Ik-ho ရဲ့ ဂိုဏ်းထဲပါ ရောက်ရှိသွားပါတယ်။ Yoo-gun တစ်ယောက် အစ်ကို…

You May Also Like