The Intouchables (2011)

The intouchables (2011) BluRay 1080p Update IMDb Rating (8.5) / Rotten Tomatoes (75%) ဒီရုပ်ရှင်က ကမ္ဘာတစ်ဝန်းမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ပြင်သင်ရုပ်ရှင်ကားဖြစ်ပြီး စိတ်ခွန်အားပေးတဲ့ ဟာသ-ဒရမ်မာ (Comedy-Drama) ထဲမှာ နံပါတ် ၁ နေရာလောက်ယူထားတဲ့ရုပ်ရှင်ကားပါ။ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး ပြင်သစ်ဘာသာစကားပြော ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ရယ်မောပျော်ရွှင်ရသလို စိတ်နှလုံးကိုလည်း နွေးထွေးစေတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် (True Story) ကို အခြေခံ ရိုက်ကူးထားတာဖြစ်လို့ ပိုသက်ဝင်ခဲ့ပြီး ပြင်သစ်သူဌေးကြီး Philippe Pozzo di Borgo နဲ့ သူ့ရဲ့အကူဖြစ်တဲ့ အာရပ်လူငယ် Abdel Sellou တို့ရဲ့ တကယ့်ဘဝ ဇာတ်ကြောင်းပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ.. ဒရစ်ကတော့ ထောင်ထွက်လူမိုက် ... များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ... တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့... သံယောဇဉ်ဆိုတာ ဆွေရယ်မျိုးရယ်မှမဟုတ်ဘဲနဲ့ လူတစ်ဦးနဲ့တစ်ဦး စိတ်ရင်းနဲ့ဆက်ဆံတဲ့အခါ သူ့အလိုလိုပေါက်ဖွားလာတာမျိုးမဟုတ်လား... မေတ္တာရဲ့ နူးညံ့လှပတဲ့ဘာသာစကားနဲ့အတူ တကယ့်ကိုရင်ထဲထိတဲ့ ဇာတ်ကားလေးမို့ မဖြစ်မနေကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပါပဲ။ File Size : (4.5 GB) / (1.3 GB) Quality : Blu-Ray 1080p HEVC / 720p Format…mkv/ mp4 Duration…01:52:00 Subtitle….Myanmar Subtitle (Hardsub)